Friday, January 10, 2014

ကျောင်းသူကို ကာယိနြေ္ဒပျက်အောင်လုပ်သည် ဆိုကာ ကျောင်းအုပ်ဆရာကြီးကို အမှုဖွင့်

ကိုတိုးကြီး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ မူလွန်ကျောင်း ယာယီကျောင်းအုပ်ဆရာက လေးတန်းကျောင်းသူ တစ်ဦးကို ကာယိနြေ္ဒပျက်ပြားအောင် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟုဆိုကာ ချင်ပြစ်နယ်မြေ ရဲစခန်းသို့ ကာယကံရှင်မိသားစုက ဒီဇင်ဘာ ၇ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်သည်။

ဖြစ်စဉ်မှာ အသက် ၁၃ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူသည် မူလွန်စာသင်ကျောင်းရှိရာသို့ စာကျက် ရန် သူငယ်ချင်းများနှင့်အတူ ဒီဇင်ဘာလ ၂၄ ရက်က သွားရောက်ခဲ့ရာ ကျောင်းတွင် ထိုနေ့ည ၉ နာရီက စာကျက်ပြီး ယာယီ စာသင်ဆောင်အပေါ်ထပ်တွင် သူငယ်ချင်းများနှင့်အတူ ညအိပ်ခဲ့သည်။ ည ၁၁ နာရီခွဲအချိန်တွင် အသက် ၄၇ နှစ်အရွယ် ယာယီကျောင်းအုပ်ဆရာက ပွေ့ဖက်၊ နမ်းရှုံ့ခြင်း ပြုလုပ်ခဲ့ သည်ဟု တရားလိုက ဆိုထားသည်။

ကျောင်းအုပ်ဆရာကြီးက ၎င်းကျောင်းသူမလေးအား ငွေကျပ်သုံးထောင်ပေးရာတွင် ကျောင်းသူမလေး က လက်မခံဘဲ ပြန်လည်ပေးခဲ့ကြောင်း နံနက် ၄ နာရီတွင် သူမ၏ သူငယ်ချင်းဖြစ်သူကို ပြန်လည်ပြော ပြသည်ဟုဆိုသည်။

အိမ်ပြန်ရောက်သည့်အခါ မိခင်ထံ ပြန်လည်ပြောပြခဲ့ရာ မိခင်ဖြစ်သူနှင့် ဆွေမျိုးသားချင်းများမှ ကျောင်း အုပ်ဆရာကြီးက လူမှုရေးအရလာရောက်တောင်းပန်လိမ့်မည်ဟု ထင်မှတ်၍ စောင့်နေခဲ့သော်လည်း လာရောက်တောင်းပန်ခြင်း မရှိသည့်အတွက် ချင်ပြစ်ရဲစခန်းသို့ အမှုရေးဖွင့်ပေးရန် သွားရောက်တိုင် တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်အား ချင်ပြစ်ရဲစခန်းက(ပ) ၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၄ အရ အမှုဖွင့်အရေးယူခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ယာယီကျောင်းအုပ်ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများထံမှ တစ်ဆင့် ဆက်သွယ်၍ အတည်ပြုနိုင်ရန် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

No comments: