Saturday, January 11, 2014

အရှေ့ဒဂုံတွင် မူးယစ်ဆေး ကျပ်သိန်း ၃၀ ကျော်ဖိုး ဖမ်းမိ

ဇော်ဇော်ထွေး

ဒဂုံအရှေ့မြို့နယ်ရှိ အမျိုးသမီးတစ်ဦး နေအိမ်မှ ကျပ်သိန်း ၃၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်န၀ါရီ ၇ ရက်က ဖမ်းဆီးရမိလိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁၂ နာရီ ခွဲအချိန်က အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး နေထိုင်သည့်အိမ်ကို မူးယစ်ဆေးဝါးရှာဖွေခွင့် ၀ရမ်းအမှတ် ၄/၂၀၁၄ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ထို့အကြောင့် အဆိုပါ နေအိမ်အတွင်းမှ စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၇၂၀,၀၀၀ ဖိုးခန့်ရှိ WY စာတမ်းပါ လိမ္မော်ရောင်ဆေးပြား ၁၇၉ ပြားထည့်ထားသည့် အပြာရောင် ကပ်ခွာအိတ်နှင့် ဆေးပြား ၁၆၅ပြား ထည့်ထားသည့် အပြောရောင်ကပ်ခွာအိတ်တို့ကို သိမ်းဆည်းမိခဲ့သည်။

ထို့ပြင် တန်ဖိုးငွေကျပ် ၁,၇၄၀,၀၀၀ ရှိ ဆေးခြောက်ဟု ယူဆရသော အရွက်ခြောက် ငါးထုပ်တို့ကိုလည်း နေအိမ်အပေါ်ထပ် အိမ်သာခန်းတွင်းမှ တွေ့ရှိခဲ့သည်။

ယင်းနေအိမ်အတွင်းမှ လက်ကိုင်ဖုန်းနှစ်လုံးအပါအ၀င် ယာယီအိမ်ထောင်စုစာရင်းနှင့် ငွေပို့ငွေလွှဲပြုလုပ် ထားသော ဘဏ်ချလံများကိုပါ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် သူမအား ဒဂုံရှေ့ရဲစခန်းက (ပ)၁/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှား ပါက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅(က) /၁၉ (က) တို့ဖြင့် တရားစွဲတင်ပို့သွားမည် ဖြစ်သည်။

No comments: