Saturday, January 4, 2014

အစိုးရ တပ်များ KIA တပ်မဟာ (၄) တပ်ဖွဲ့ များအား ဆက်လက် စစ်ဆင်နေ ဦးမလား

ရွှေဟင်္သာ

အစိုးရ တပ်များ သည် ရှမ်းပြည် မြောက်ပိုင်း ရှိကချင် လွတ်လပ်ရေး တပ် မတော် (KIA) တပ် မဟာ (၄) စိုးမိုး ဧရိ ယာမှ အစိုးရ တပ်ဖွဲ့ တချို့ ဆုတ် ခွာ ပေး နေသော အရိပ် အရောင် ရှိနေသော် လည်း ဘိန်း တိုက်ဖျက်ရေး ကို အကြောင်း ပြပြီး ဆက်လက် တိုက်ပွဲဖြစ် ပွားနေ မည်ဖြစ်ကြောင်း တပ်မဟာ (၄)မှူး ဗိုလ်မှူးကြီး ဇောင်လီ ကဆိုပါသည်။

“သူတို့စီမံ ကိန်းအရ ဘိန်းဖျက် ဆီးရေးရာ သီမှာဆက် လက်တိုက် ခိုက်သွားဖို့ ရှိတယ်လို့ ရွာသား တွေကို ပြောနေတာ ပါဘဲ။ ဘိန်းရာသီ ဆိုတာက နိုဝင် ဘာလ ကနေ ဧပြီလ အထိဘဲ ပြောရမှာ ပေါ့။ ဘိန်းခြစ်တဲ့ အချိန်ကိုး။ ဒါပေမဲ့ အခုတလော မှာသူတို့ တပ်ဖွဲ့ တချို့ ကတော့ ကျနော်တို့ စိုးမိုးတဲ့ ဧရိယာ ထဲကနေ ဆုတ် ပေး နေတာ ရှိနေ တယ်။” ဟုဆိုပါ သည်။

သို့သော် လည်း ပြီးခဲ့သည့် ဒီဇင်ဘာ (၃၁) ရက်နေ့တွင် မုန်းဂိုးမြို့ နယ် အတွင်း၌ နံနက် ၁၀ နာရီခွဲ မှ ညနေ ၃ နာရီချိန် ထိ (၅)နာရီကြာ တိုက်ပွဲဖြစ် ပွားခဲ့ ပါ သည်။ အင်အား (၁၀၀)ခန့် ရှိသော အစိုးရ တပ်မ ၉၉မှ ခလရ(၂၄၂) နှင့် ခမရ (၅၆၇) ပူးပေါင်း စစ်ကြောင်း များသည် ပန်ခေါန် (Pang Hkawn) ရွာ နှင့် ထိန် ရားခက် (Htingra Hkyet) ရွာကြား တွင် (KIA) တပ်ရင်း (၃၈) တပ်ဖွဲ့နှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး အစိုးရမှ အထိနာခဲ့ သည်ဟု ဆိုပါသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ လ ၃၁ ရက် နေ့တွင်ပင်နမ်ခရီမ် (Nam Hkarim) နှင့် နောင်ခမ်း ကြား၌လည်း (KIA) တပ်ရင်း ၃၆ တပ်ဖွဲ့များ နှင့် မိနစ်၂၀ ခန့် တိုက်ပွဲဖြစ် ပွားခဲ့ ပါသေးသည်။

ဤသို့ကြောင့် အစိုးရ တပ်များသည် (KIA) စိုးမိုး နယ်မြေထဲမှ ဆုတ် ခွာပြနေခြင်း ၊ဘိန်းတိုက် ဖျက်ရေးဟု အကြောင်းပြ ပြောဆို နေခြင်းများ သည်ပရိယာယ် များသာ မှတ်ယူ သည်ဟု ဗိုလ်မှူးကြီး ဇောင်လီ ကဆိုပါသည်။ အမှန်မှာ မူ အစိုးရ တပ်များသည် နယ်မြေ စိုးမိုးရေး အတွက်နှင့် (KIA) တပ်ဖွဲ့များ ရှမ်း မြောက် ဒေ သ၌ ရှိနေခြင်းကို လက်မခံ နိုင်သော ကြောင့် ဖြစ်ဖွယ် ရှိသည်ဟု ဆိုပါသည်။

(KIA) တပ်မဟာ (၄) ဧရိယာ သည် ရှမ်းပြည် မြောက်ပိုင်း မူဆယ် ခရိုင်ရှိ နမ့်ခမ်းမြို့ နယ်နှင့် မိုးမိတ်မြို့နယ် ကြားတွင် တပ်ရင်း (၈)ရင်းဖြင့် လှုပ်ရှားနေ ခဲ့ပါ သည်။ အစိုးရ၏ အထက် ပါသဘော ထားကြောင့် ရှမ်းပြည် မြောက်ပိုင်း ရှိ (KIA) တပ်ဖွဲ့များ အား ဆက်လက် စစ်ဆင် နေဦး မည် ဖြစ်ကြောင်း ဆိုပါသည်။

အစိုးရ တပ်များ သည် (KIA) တပ်ဖွဲ့ဝင်များ အားလုံးကို စစ်ဆင်နေ သည် မဟုတ်ဘဲ ကချင်ပြည် နယ် တောင်ပိုင်းရှိ တပ်မဟာ (၃)နယ် မြေမှ တပ်ရင်း (၁၂) တပ်ဖွဲ့များ နှင့် နယ်မြေချင်း ကျောချင်း ကပ်နေသော တပ်မဟာ (၄) တပ်ဖွဲ့ များကိုသာ စစ်ဆင် နေခြင်း ဖြစ်ပါသည်။

၎င်း(KIA) တပ်ဖွဲ့အား စစ်ဆင်နေ သည့် အစိုးရ တပ်ဖွဲ့များ သည် ပင်ပမ်းလာပုံ ရသဖြင့် ကချင် နှင့် ပလောင် စစ်ဒေ သဖက်မှ တပ်ဖွဲ့ များအား အနား ပေးဖွယ် ရှိနေ ပါသည်။ ဤသို့ကြောင့် တချို့တပ် များ ဆုတ်ခွာ ပေးနေ ကြခြင်း ဖြစ် ပြီး ဤ အချိန်မျိုး တွင် အနားယူ နေသော တခြားတိုင်း တပ်များနှင့် တပ်မ တပ်များကို အသုံးပြုပြီး ရှမ်းပြည် တိုးတက် ရေး ပါတီကို ရာဇသံပေး တိုက်ခိုက်ဖွယ် ရှိနေပါသည်။

တပ်မ(၁၁) အထူးတပ် များသည် ရှမ်းပြည် တိုးတက်ရေး ပါတီ လာရှိုး နယ်မြေ ထဲသို့ ထပ်မံ ရောက်ရှိနေ ပါသည်။ တပ်မ(၁၁)သည် ရန်ကုန်တိုင်း ရဲမွန်မြို့တွင် အခြေစိုက်ပြီး ၄င်းတပ်ရင်း များသည် ရဲမွန်နှင့် အင်တိုင်း မြို့တို့တွင် တပ်စွဲ ထားပါသည်။

ဤကဲ့သို့ မတူညီ မှုကို အခွင့် ကောင်းယူပြီး အပိုင်းလိုက် ဆက်လက် တိုက်ခိုက် သွားဖွယ် ရှိသည်ဟု ဆိုပါသည်။

No comments: