Friday, January 24, 2014

မြန်မာနိုင်ငံက Street Dancer အယောက် ၂၀ ကို ရွေးချယ်ပြီး ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်မည်

ပန်းမြတ်ဇော်

မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန် အစိုးရက မြန်မာနိုင်ငံမှ Street Dancer အယောက် ၂၀ ကို စက်တင်ဘာလတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်မည်ဖြစ်သည်။ ယင်း အစီအစဉ်သည် ဂျပန်သံရုံးနှင့် Bo Bo Entertainment တို့ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

“ဒီလို street dancer တွေကို ဖိတ်ခေါ်တာ မြန်မာ-ဂျပန် နှစ်(၆၀)ပြည့်အထိမ်း အမှတ်အဖြစ်နဲ့ လုပ်တာ ပါ” ဟု ဂျပန်သံရုံး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂျပန်နိုင်ငံက နာမည်ကြီးအကအဖွဲ့ ဖြစ်သည့် “Wrecking Crew Orchestra” သည် မြန်မာနိုင်ငံကို ရောက်ရှိနေချိန်တွင် မြန်မာနိုင်ငံက ၀ါသနာပါကြသည့် Street Dancer များဖြင့် တွေ့ဆုံပြီး Street Dancer မြှင့်တင်ပေးရန်အတွက် မြန်မာအထက်တန်း ကျောင်းသူ၊ ကျောင်းသားများနှင့် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား Street Dancer အယောက် ၂၀ ကို ဂျပန်နိုင်ငံသို့ ခေါ်ယူမည့် အစီအစဉ်ကို ထပ်မံလုပ်ဆောင်ကြခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံမှရောက်ရှိနေသည့် အိုဆာကာအခြေစိုက် ဂျပန်နိုင်ငံကိုယ်စားပြုtreet Dance Crew “Wrecking Crew Orchestra” ၏ ခေါင်းဆောင် Mr. Yokoi နှင့် အဖွဲ့ဝင် ရှစ်ယောက်ဖြင့် ဖွဲ့စည်းထား သည့်အဖွဲ့သည် လက်ရှိတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းတို့သည် ဇန်န၀ါရီ ၂၆ ရက် ၌ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် မြန်မာနိုင်ငံက အဆိုတော်များနှင့်အတူ Myanmar Hip Hop Music Concert တွင် ပါဝင်ဖျော် ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ယင်း Street Dancer များကို ဖိတ်ခေါ်ခြင်းသည် မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ် (၆၀)ပြည့် အထိမ်းအမှတ်အနေဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်ကို “Wrecking Crew Orchestra” အဖွဲ့ ရောက်ရှိနေချိန်တွင် ၀ါသနာပါကြသည့်သူ များနှင့် workshop ပုံစံမျိုး လုပ်ပေးခဲ့ပြီး စိတ်ပါဝင်စားကြသည့် သူများကို ဖိတ်ခေါ်ခဲ့ကြသည်။ ယင်းအစီ အစဉ်အတွက် ဇန်န၀ါရီ ၂၂ ရက်တွင် ဖိတ်ခေါ်သည့်ဖောင်များကို ပိတ်လိုက်ပြီဖြစ်ပြီး လာရောက်လျှောက် သူများကို WCO အက အဖွဲ့က စိစစ်ပေးကာ အမေးအဖြေပုံစံမျိုးများလည်း ပါဝင်မည်ဖြစ်သည်။

“အခုလို ပြည်ပအဖွဲ့ကနေ ရွေးချယ်တာ အရမ်းကောင်းပါတယ်။ မြန်မာနိုင်ငံ မှာ အကနဲ့ပတ်သက်ပြီး သေချာသင်ကြားပေးနိုင်တဲ့သူ မရှိသေးဘူး။ နောက်ပိုင်းမှာလဲ နိုင်ငံခြား အဆက်အသွယ်တွေ ရလာ နိုင်တယ်။ အကလောကလဲ တိုးတက်လာ နိုင်တယ်” ဟု jade Dragon အဖွဲ့ခေါင်း ဆောင် ထက်ဘုန်း နိုင်က ပြောသည်။

၎င်း“Wrecking Crew Orchestra” အဖွဲ့သည် ဂျပန်နိုင်ငံတွင်သာမက စင်ကာပူ၊ ဟောင်ကောင်၊ Kazakhstanစသည့်နိုင်ငံ များအပါအ၀င် ကမ္ဘာတစ်ဝန်း၌ လှည့်လည် ဖျော်ဖြေနေသည့် အကအဖွဲ့ဖြစ် သည်။

No comments: