Sunday, January 5, 2014

တိုက်ပွဲများ နှင့် အတူ TNLA တို့၏ လွတ် မြောက်ရေး နှစ်ပတ်လည် နေ့ အခမ်းအနား

ရွှေဟင်္သာ

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) လက်အောက်ခံ ခမရ (၅၀၁)၊ ခလရ (၁၇)၊ ခလရ (၁၁၄)၊နှင့် ခလရ (၁၁၅) တပ် ရင်း တို့ ပါဝင်သော ပူးပေါင်း စစ် ကြောင်း များသည် တအာင်း အမျိုးသား တပ်မတော် (TNLA) ၏ အမှတ် ၇၁၇တပ်ရင်းမှ တပ်ဖွဲ့များအား ဆက်လက် စစ်ဆင်နေရာ ယ နေ့နံက်(၈) နာရီခန့်အချိန်တွင် ကျောက်မဲ မြို့နယ် မိုင်းငေါ့မြို့ အနီးနှင့်နမ့်တွေ ကျေးရွာ အထက်ဘက် တောင် ကုန်း တို့တွင် တွေ့ဆုံ တိုက်ပွဲဖြစ် ပွားခဲ့သည် ဟု အတွင်းရေး မှူး ဒုတိယ ဗိုလ်မှူးကြီး တာဘုန်း ကျော်က ဆိုပါသည်။

“နဂိုက တည်းက ကျနော်တို့ တပ်ဖွဲ့ အနီး အနား နေရာတွေ မှာ နေရာချ ထားပြီး သားပါ။ ဒီတော့ သွားရင်း လာရင်း ထိတွေ့ တိုက်ခိုက်ခဲ့ကြ တာဖြစ်တယ်။ ဒီမ နက်က တိုက်ပွဲမှာ လည်းဘဲ သွားလာ လှုပ်ရှားနေ ရင်းနဲ့ ပက်ပင်း တိုးပြီး တိုက်ပွဲဖြစ် တာပါ။ သူလည်း ဆုတ်ကိုယ် လည်း ဆုတ်ပါဘဲ။ အထိ အခိုက် ကတော့ မသိရသေး ဘူး” ဟုဆိုပါသည်။

အစိုးရ တပ်များသည် TNLA စခန်းများ ကို တက်ရောက် တိုက်ခိုက်တိုင်း အထိ အခိုက်အကျ ဆုံးများခြင်း ကြောင့် စခန်းသိမ်း တိုက်ခိုက် မှုများနည်း လာနေ သည်ဟု ဆိုပါသည်။ သို့သော်သွား လာလှုပ်ရှား ရင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ဦးမည်ဖြစ် သည်။

မနက်ပိုင်း က တိုက်ပွဲတွင် နမ့်တွေ ကျေးရွာ အနီးတွင် မနက် (၈) နာရီမှ (၈း၃၅) နာရီ ခန့် တကြိမ် နှင့်မိုင်းငေါ့ ကျေး ရွာအနီး တွင် မနက် (၈း၁၅) နာရီမှ (၈း၅၅) နာရီခန့်ထိ တကြိမ် နှစ်နေရာ တွင် တပြိုင်နက် တိုက်ပွဲဖြစ် ပွားခဲ့ခြင်း ဖြစ် ပါသည်။

ဇန်န ဝါရီလ ၁၂ ရက် နေ့သည် တအာင်း(ပလောင်) တို့၏ ၅၁ ကြိမ်မြောက် အမျိုးသား တော် လှန်ရေးနေ့ ဖြစ်ပါ သည်။ နှစ်ပတ်လည် အခမ်း အနားကို တအာင်း တပ်မတော် လှုပ်ရှား ဌာနချုပ် တွင် ကျင်းပ မည် ဖြစ်ပါ သည်။ တအာင်း လွတ်မြောက်ရေး တပ်မတော် သည် မြန်မာနိုင် ငံလွတ် လပ်ရေးရပြီး ကတည်းက လှုပ်ရှား လာခဲ့ပြီး ၁၉၉၄ခုနှစ် အပစ် အခတ် ရပ်စဲရေး ကာလတွင် အစိုးရ၏ လက်နက် သိမ်းခြင်း ကိုခဲ့ရပါ သည်။ လက်ရှိ တအာင်းလွတ်မြောက်ရေး တပ်မတော် သည် လက်နက် အ သိမ်းခံ ရပြီး နောက် ပေါ်ပေါက် လာသော တအာင်း တပ်မတော် သစ် ပင်ဖြစ်ပါ သည်။

လက်ရှိ မူဝါဒ သဘော ထားနှင့် ပါတ်သက်ပြီး တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) သည် ညီညွတ် သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒ ရယ် ကောင်စီ (UNFC) အဖွဲ့ဝင်ဖြစ် သည်။ ၄င်းတို့သည် အပစ်အ ခတ်ရပ်စဲ ရေး အတွက် အစိုးရနှင့် အလွတ် သဘော (၄)ကြိမ် ထက်မနဲ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးဖြစ်သည်။ သို့သော်လည်းတိုက် ပွဲများနှင့်အစိုးရ တပ်ဖြန့်ထား မှုအနေ အထားကြောင့် နှစ်ဖက် ယုံကြည်မှု မရှိသေး သည့် အတွက် ပြေလည်မှု မရ ရှိသေးပေ။

သို့သော် (PSLF/TNLA) တို့ ၏ အပစ် အခတ် ရပ်စဲရေး ပြေလည်မှု သည် လက်နက်ကိုင် တိုင်းရင်း သားအဖွဲ့ များ၏ ဘုံရပ် တည်ချက် ပြေလည် မှု အပေါ် မူ တည်နေ ပါသည်။ လက်နက် ကိုင် တိုင်းရင်း သား အဖွဲ့များ နှင့် အစိုးရ တို့၏ တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုနိုင် ခဲ့ပါက ၄င်းတို့၏ အပစ် အခတ် ရပ်စဲရေး ပြသနာ လည်းပြေလည် သွားလိမ့် မည်ဖြစ်ပါ သည်။

No comments: