Monday, January 13, 2014

ကလေး-တမူးလမ်းတွင် ကားတစ်စီး တိမ်မှောက် ချင်းအမျိုးသမီးတဦးပွဲ ချင်းပြီးသေဆုံ

Khonumthung

၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် ကလေး-တမူး ကားလမ်း ၅၅ မိုင်ရှိ ရေကျော်ကြီးဂွေ့မှာ ကားတစီးတိမ်မှောက်ခဲ့ရာ ချင်းအမျိုးသမီးတဦး ပွဲချင်း ပြီးသေဆုံးပြီး ခရီးသည် ၃ ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးမှာ ချင်းပြည်နယ် သိုင်းငင်းကျေးရွာသူဖြစ်ပြီး သူမသည် သိုင်းကျေးရွာ ပရဟိတလူငယ်ခေါင်းဆောင်တဦးလို့လည်း ဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရသူ လူနာ (၃)ဦးမှာ အမျိုးသား များဖြစ်ကြောင်း သိရပြီး အရေးပေါ်အတွင်းလူနာအဖြစ် ကလေးမြို့  ဆေးရုံတွင် တင်ထားရကြောင်း ကလေးမြို့  ဒေသခံတဦးထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ Sulf အမျိုးအစား ဖြစ်ပြီး ကားဘီးပေါက်ကာအရှိန်မထိမ်းနိုင်ပဲ လမ်းဘေး သစ်ပင်ကို တိုက်မိကာ တိမ်းမှောက် သွားခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မှုဖြစ်သည့်သတင်းကို ကြားကြားချင်း ကလေးမြို့ ကာယကံမေတ္တာလူမှူ့ကူညီရေး အသင်းမှ ၀န်ထမ်းများ၊ စခန်းကြီး နာရေးအသင်းမှ ကားနှစ်စီး နှင့် လူနာတင်ကားများဖြင့် ရောက်ရှိလာပြီး ဒဏ်ရာရသူများကို ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့  ချက်ချင်း ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

No comments: