Monday, January 6, 2014

မြန်မာ-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ဆင်ပစ် မုဆိုးများလက်ချက်ဖြင့် ဆင်သေဆုံး

နိရဉ္စရာ

မြန်မာနှင့် ဘင်္ဂလာနယ်စပ်တွင် ဆင်ပစ်မုဆိုးများ၏ လက်ချက်ဖြင့် ဆင်တစ်ကောင် သေဆုံးခဲ့သည်ဟု သိရသည်။

ယနေ့ထုတ် The Daily Star သတင်းစာတွင် Poachers Active ခေါင်းစည်းဖြင့် သေဆုံးနေသော ဆင်ကို ဖေါ်ပြထားသည်။

၎င်း ဆင်ပစ်မုဆိုးများ၏ လက်ချက်ဖြင့် သေဆုံးနေသော ဆင်အား ဘင်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့မှ ရှစ်ကီလိုမီတာ အကွာ မြန်မာနယ်စပ် ကပ်ရပ် တည်ရှိသော နေရာတွင် ဒေသခံများက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းဆင်အား အစွယ်လို၍ သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ကျူးကျော်ဝင်ရောက် အမဲလိုက်သူများ၏ လက်ချက်ဟု ဖေါ်ပြထားသော်လည်း ကျူးကျော်ဝင်ရောက်သတ်ဖြတ်သူများမှာ မည်သည့်နိုင်ငံမှ ဖြစ်ကြောင်းကို ဖေါ်ပြမထားပါ။

မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်ရှိ တောင်တန်းများသည် တောဆင်ရိုင်းများ အဓိက ခိုအောင်း ကျက်စားရာ နေရာများ ဖြစ်ပြီး ဆင်စွယ်လိုသူ မုဆိုးများအနေဖြင့် အစွယ်ရှိ တောဆင်ရိုင်းများအား မကြာခဏ ယင်းဒေသတွင် သတ်ဖြတ်ပစ်လေ့ရှိကြောင်း သိရသည်။

No comments: