Sunday, January 26, 2014

မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းအမွေအနှစ်များ စာရင်းစကောက်ပြီ

မျိုးသန့်

မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် ဇန်န၀ါရီ တတိယပတ်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ စာရင်းအတိအကျ ကောက်ယူသွားမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူးဦးမြင့် ဇော်က ဇန်န၀ါရီ ၂၃ ရက်က မဇ္ဈိမသို့ ပြောသည်။

မန္တလေးတိုင်းအတွင်း အတုမရှိရွှေကျောင်း၊ ရွှေနန်းတော်ကျောင်း၊ မယ်နုအုတ်ကျောင်း၊ မြွေဘုရား၊ ပင်းယမြို့ဟောင်း အစရှိသည့် ရှေးဟောင်းစာရင်းဝင်သော နေရာပေါင်း ရာဂဏန်းကျော်ရှိသည့်အတွက် တိ ကျသည့် စာရင်းရရှိစေရန်အတွက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း၊ အဆောက်အအုံတွေကို ရှေးဟောင်းဌာနကနေ အဖွဲ့ ကိုးဖွဲ့ခွဲပြီး ရှေးဟောင်းပစ္စည်းအရေအတွက်နဲ့ အဆောက်အအုံအရေအတွက်ကို တိကျစွာ စာရင်းရယူပြီး လိုအပ်ရင် ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်တာဖြစ်တယ်”ဟု ဦးမြင့်ဇော်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများနှင့် ရှေးဟောင်း ပစ္စည်းများ ပေါများခြင်းကြောင့် စာရင်းများ ကောက်ယူခြင်းဖြစ်ပြီး လိုအပ်လျှင် ပြင်ဆင်မွမ်းမံမှုများ ပြု လုပ်ရန် အစိုးရအဖွဲ့၏ ချထားပေးသော ဘတ်ဂျက်ပေါ်မူတည်ကာ ပြင်ဆင်ထိန်းသိမ်းမှုများ လုပ်ဆောင် မည်ဖြစ်သည်။

စာရင်းများကောက်ယူခြင်းပြင် မန္တလေးတိုင်းအတွင်းရှိ ရိုးရာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ ကျဆင်းလာ ခြင်းကိုလည်း ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာသို့ တင်ပြခြင်း၊ ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးတမ်းစဉ်လာများကို မှတ်တမ်းမှတ်ရာများအတိုင်း ပြန်လည်ရှာဖွေကာ အသစ်တစ်ဖန်ပြန်လည် ဆန်းသစ်ခြင်း၊ နိုင်ငံတာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ် ဆောင်ရန်အတွက် ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့ကို စတင်လုပ်ဆောင်လျက် ရှိသည်။

No comments: