Sunday, January 26, 2014

မူးယစ် ဆေးဝါး အန္တရာယ် PSLF-TNLA တို့ကာကွယ်

ရွှေဟင်္သာ

ပလောင် ပြည် နယ်လွတ်မြောက် ရေးတပ်ဦး (PSLF-TNLA) သည် မူးရစ်ဆေး ၀ါးတိုက် ဖျက်ရေး အစီစဉ် တရပ် အနေနှင့် ပြီးခဲ့သည့် ဇန္နာဝါရီ (၂၁) ရက်နေ့ တွင်ကျောက်မဲ-မိုးကုတ်-မိုးမိတ် မြို့နယ် များရှိ ဘိန်းစိုက်ခင်း များအား လိုက်လံ ဖျက်ဆီး ခဲ့ကြသည် ဟု (PSLF-TNLA) ပြန်ကြားရေး ဌာနမှ သတင်း ထုတ်ပြန် ထားပါသည်။

(PSLF-TNLA) ၏ မူးယစ် ဆေးဝါး တိုက်ဖျက် ရေးကော် မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တာဂျုတ် ဂျားသည် အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး တာဘုန်းကျော် တို့ နှင့်အတူ ကျောက်မဲ မိုးကုတ် မိုးမိတ် မြို့နယ် အစပ်ရှိ တအာင် တို့ ၏ ဘိန်းခြံ စိုက်ဧက (၁၀၀) ခန့်ကို ဖျက်ဆီးပြီး ဖြစ်သည်ဟု ဆိုပါသည်။

ကျန်ရှိ နေသေး သည့် ဖာဖီုင်၊ ခူန်ခါကျေးရွာအနီး နှင့် မိုးကုတ်မြို့နယ် အတွင်းရှိ တောင်တန်း များတွင် စိုက်ပျိုးထား သည့် တရုတ်၊ ကချင်၊ရှမ်း၊ တအာင်း တို့၏ ဘိန်းစိုက် ခင်းများကို ပါ ဖျက်ဆီးသွား ကြမည် ဖြစ်ပါသည်။ အဆိုပါ ဒေ သတွင် ဘိန်းစိုက် ခင်း ဧက ၃၀၀ ခန့် စိုက်ပျိုး ထားကြသည်ဟု ခန့်မှန်း ထားပါ သည်။

PSLF /TNLA ၏ မူးရစ် ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင် ရေးကို အင်းအား (၃၀၀) ကျော် ရှိသော (TNLA) တပ်ရင်း ၃ ရင်းဖြင့်စုဖွဲ့ထားသည့် စစ်ဗျူဟာ(၂) ၏ အစီအစဉ် ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် စတင် လိုက်ခြင်း ဖြစ်ပါသည်။

TNLA တို့၏ မူးရစ် ဆေးဝါး တိုက်ဖျက် ရေး အစီစဉ် သည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၂)ရက်နေ့ တွင် ကျင်းပခဲ့သော (၅၁)ကြိမ်မြောက် ပလောင် တော် လှန်ရေး နေ့ နောက်ပိုင်း ၌ စတင်ခဲ့ ခြင်း ဖြစ်သလို တော်လှန်ရေးနေ့ အခမ်း အနား တွင်လည်း ဖမ်းမိသည့် မူးရစ်ဆေး ၀ါး များ မီးရှို့ပွဲ အစီစဉ်လည်း ပါရှိခဲ့ ပါသည်။

တအာင်း လူငယ်ထု ၏ (၇၀) ရာနှုန်းသည် မူးရစ် ဆေးဝါး များ အသုံးပြု နေ သည်ဟု တအာင်း ကျောင်းသား အဖွဲ့ မှဆိုပါ သည်။ ဤသို့ကြောင့် မူးရစ် ဆေးဝါး တိုက်ဖျက် ရေးသည် (TNLA) အတွက် အမျိုးသား ရေး အသွင် ဖြစ်လာ သည်။

သို့သော် အစိုးရ တပ်များ၊ တအာင်း ဒေသ လွှတ်တော် အမတ် များနှင့် နယ်ခံ ပြည်သူ့စစ် တပ်များက ဘိန်းစိုက်ပျိုး မှုနှင့် ရောင်း ၀ယ်ဖေါက် ကားမှု ကို အားပေးနေ သည်ဟု (TNLA) ဖက်မှ အခိုင် အမာ ပြောဆိုနေ ပါသည်။ ဤသို့ ကြောင့် TNLA တို့၏ မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်တိုင်း အား အစိုးရတပ်များနှင့် တိုက်ပွဲ ဖြစ်ပွား လေ့ရှိခဲ့သည် ဟု ဆိုပါသည်။

TNLA သည် (၂၀၁၂) ခုနှစ် မှစပြီး မူးရစ် ဆေးဝါး အသုံးပြု သူများနှင့် စိုက်ပျိုး သူတောင်သူ များအား ပညာ ပေးရေး၊ ဘိန်းစိုက် ခင်းများ ဖျက်ဆီး ရေး အပါ ၀င် ရောင်း ၀ယ် ဖေါက်ကား သူများနှင့် ဘိန်းချက် စက်ရုံများ ဖျက်ဆီးရေး ကို စတင် ဆောင်ရွက် လာခဲ့ပါသည်။

No comments: