Tuesday, January 14, 2014

ပြည်ခိုင်ဖြိုးက လူငယ်ကိုယ်စားလှယ်လောင်းများ ဖြည့်ဆည်းသွားရန် ပြင်ဆင်နေ

ဟိန်းကိုစိုး

ပြည်ခိုင်ဖြိုးပါတီအတွင်း လူငယ်ကိုယ်စားလှယ်လောင်းများ ပေါ်ထွက်လာသည်အထိ ပါတီတွင်း လူငယ် များပါဝင်မှုမြှင့်တင်ခြင်းကို ၂၀၁၄ အတွင်း အပြီးဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လူငယ်များ ပါဝင်လာရေးအတွက် ရည်ရွယ်ကာ လူငယ်စည်းရုံးမှုများ လုပ် ဆောင်နေခြင်းဖြစ်ပြီး လူငယ်အင်အားကို တစ်မြို့နယ်လျှင် ၃၀ ဦးစီ ပါဝင်လာမှုရှိသည်အထိ ဆောင်ရွက် သွားမည်ဟု ဆိုသည်။

“မြို့နယ်တွေမှာ လူငယ်တွေပါဝင်လာတဲ့အခါ ပါလာတဲ့လူငယ်တွေရဲ့ အရည်အချင်း ထူးချွန်နေရင် ပြည် သူတွေက သူ့တို့ကို လက်ခံတယ်ဆိုရင် ဒီလိုလူငယ်မျိုးတွေကို ကိုယ်စားလှယ်နေရာတွေ လျာထားတဲ့ အထိ ပါလာအောင် လုပ်သွားမှာ”ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ ပါတီဝင်အင်အား သုံးပုံနှစ်ပုံသည် လူငယ်များဖြစ်ပြီး ယင်းထက် ပိုမို ပါဝင်လာနိုင်ရေးကို မြို့နယ်အသီးသီးတွင်၂၀၁၄ ခုနှစ်အတွင်း အပြီးစည်းရုံးဆောင်ရွက်သွားရန် ပါတီဌာ နချုပ်က ၂၀၁၃ ခုနှစ်ကတည်းက ညွှန်ကြားထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ၏ လူငယ်စည်းရုံးမှုများကို ဇန်န၀ါရီ ၁၂ ရက်တွင် ရန်ကုန်တိုင်းမှ စတင်လုပ် ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီတွင် လက်ရှိ လူငယ်အင်အားမှာ တစ်မြို့နယ်လျှင် ၁၅ ဦးနှုန်းနီးပါးရှိပြီး မြို့နယ်အဆင့် များတွင် ၆၇၉ ဦး ခရိုင်တွင် ၂၀ ဦးနှင့် တိုင်းတွင် ငါးဦးနှုန်း စုစုပေါင်း ၇၀၀ ကျော်သာ ပါရှိနေခြင်းမှ တစ် မြို့နယ်လျှင် ၃၀ ဦးစီပါရှိလာနိုင်ရေး စည်းရုံးလုပ်ဆောင်သွားမည်ဖြစ်သည်။

နိုင်ငံရေးလုပ်ငန်းများတွင် လူငယ်များ ပါဝင်ခွင့်အတွက် ပါတီများ၏ ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒီငြိမ်းလင်းက “လူငယ်တွေ နိုင်ငံရေး မှာပါဝင်နိုင်ခွင့်က ကောင်းတယ်။ ဒါပေမဲ့ ပါတီတွေအားလုံးက လူငယ်တွေကို နိုင်ငံရေးမှိုင်း ရိုက်သွင်း တာမျိုး မဖြစ်အောင်လို့ လုပ်သင့်တယ်”ဟု ဆိုသည်။

နိုင်ငံရေးတွင် လူငယ်များပါဝင်လာနိုင်ရေးအတွက် ပါတီများမှ ဆောင်ရွက်နေမှုသည် ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်သော်လည်း နိုင်ငံရေးတွင် လူငယ်များအား အသုံးချသည့်ပုံစံမျိုး မဖြစ်ပေါ်ရေးအ တွက်ကိုလည်း လူငယ်များအပြင် ပါတီအသီးသီးတို့ကပါ ရှောင်ရှားသင့်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုဌာနချုပ်တွင် လူငယ်များအား နိုင်ငံရေးသင်တန်းများ ပို့ချပေးလျက်ရှိနေသည်။

No comments: