Tuesday, January 14, 2014

စစ်တပ်က အမျိုးသမီး လွှတ်တော်အမတ် ၂ဦး ခန့်အပ်

ABC

မြန်မာ့ ​လွှတ်တော် ​သက်တမ်းအတွင်း ​ပထမဆုံး ​တပ်မတော်သား ​လွှတ်တော်အမတ် ​အမျိုးသမီးနှစ်ဦးကို ​ကာကွယ်ရေး ​ဦးစီးချုပ်ရဲ့ ​အမိန့်နဲ့ ​ဇန်နဝါရီလ ​၁၃ ​ရက်နေ့က ​ခန့်အပ်လိုက်ပါတယ်။

ဒါဟာ ​ကာကွယ်ရေးဝန်ကြီးဌာနက ​လွှတ်တော်သက်တမ်း ​နှစ်နှစ်ခွဲကျော်အတွင်း ​ပထမဆုံးအနေဖြင့် ​အမျိုးသမီး ​တပ်မတော်သား ​ကိုယ်စားလှယ်နှစ်ဦးကို ​ခန့်အပ်ခဲ့တာလည်း ​ဖြစ်ပါတယ်။

အဲဒီ ​အမျိုးသမီးနှစ်ဦးဟာ ​ဒုတိယဗိုလ်မှူးကြီး(ကြည်း) ​ဒေါ်စိုးစိုးမြင့် ​နှင့် ​ဒုတိယဗိုလ်မှူးကြီး ​(ကြည်း) ​ဒေါ်စန်းသီတာခင်တို့ဖြစ်ကြပြီး ​သူတို့ဟာ ​တပ်မတော် ​ဆေးဘက်ဆိုင်ရာ ​ပါရဂူများ ​ဖြစ်ကြတယ်လို့ ​ပြည်တွင်း ​ဂျာနယ်များရဲ့ ​ဖော်ပြချက်အရ ​သိရပါတယ်။

လွှတ်တော်အတွင်းမှာ ​အမျိုးသမီး ​အမတ်တွေပါဝင်မှုနည်းပါးတယ်လို့ ​ပြောဆိုနေတဲ့ ​အချိန်မှာပဲ ​အခုလို ​အမျိုးသမီး ​တပ်မတော်သား ​လွှတ်တော်အမတ်တွေကို ​ခန့်အပ်ခဲ့တာကို ​လွှတ်တော်အမတ် ​အတော်များများက ​ကြိုဆိုထောက်ခံခဲ့ကြပါတယ်။

ဒါပေမယ့် ​ရွေးကောက်ခံ ​အမတ်တွေမဟုတ်ပဲ ​၂၅ ​% ​အထိ ​လွှတ်တော်အတွင်းမှာ ​နေရာယူထားတဲ့ ​တပ်မတော်သား ​လွှတ်တော်အမတ်တွေကို ​ကာကွယ်ရေး ​ဦးစီးချုပ်က ​ရွေးချယ်ခန့်ထားခွင့်ရှိတာဟာ ​ဒီမိုကရေ ​နည်းလမ်းမကျတာကြောင့် ​အများက ​ဝေဖန်နေကြပါတယ်။

No comments: