Wednesday, January 8, 2014

မုန်ဒိန်ပါ တိုက်ပွဲနှင့် အစိုးရ နည်းဗျူဟာ သစ်များ

ရွှေဟင်္သာ

ယမာန်နေ့ ဇန်န၀ါရီ (၆)ရက် ညနေ (၃)နာရီ ခွဲခန့်တွင် ကချင်ပြည် နယ် မံစီမြို့နယ် မုန်ဒိန်ပါ ကျေးရွာ အနီး၌ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မ ဟာ (၃) တပ်ရင်း (၁၂) တပ်ဖွဲ့များ စခန်းချ နေသော နေရာသို့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် ဗန်းမော်မြို့ အခြေစိုက် ခလရ (၅၆) စစ်ကြောင်း တကြောင်း က ၀င်ရောက် ပစ်ခတ်ရာ နာရီဝက် ကျော် တိုက်ပွဲဖြစ် ပွားခဲ့ သည်ဟု တပ်ရင်း (၁၂)မှူး ဗိုလ်မှူး လဘိုင် ဂျွမ်းအောင် က ဆိုပါသည်။

“စစ်ကြောင်း အင်အားက (၁၃၀) ကျော်မယ်။ အခုသူတို့ အားဖြည့် မဲ့နေရာက ခမရ (၆၀၂) ကတကြောင်း ဘဲရှိတယ် ဆိုတော့လေ။ သူတို့က အင်အား လာဖြည့် တဲ့သဘော အနေနဲ့ အဲဒီ နေရာကို ၀င်ရှင်းတဲ့ သဘောပါဘဲ။ ဒါပေမဲ့ သူတို့ပြန် ဆုတ်သွားတယ်။ တိုက်ပွဲတော့ ဆက်ဖြစ် မယ်ထင်ရ တာဘဲလေ။” ဟုဆိုပါသည်။

ထိခိုက်ကျ ဆုံးမှု အခြေ အနေ မသိရသေးပေ။ အစိုးရ ခလရ (၅၆)နှင့် ခမရ (၆၀၂) တပ်ဖွဲ့များ သည် ပြီးခဲ့သည့် ဒီဇင် ဘာ (၂၈) ရက်နေ့ ညတွင် ၄င်းနေရာ မှ (၈)မိုင် ခန့် ဝေးသော မိုးမောက် မြို့နယ် စခန်း ကြီးဖက်သို့ ဆုတ်ခွာ သွား သော အင်အား (၅၀၀) ခန့်ရှိ သည့် တပ်များ ၏ နေရာ တွင် ပြန်လည် နေရာယူ ခဲ့ကြခြင်း ဖြစ်ပါ သည်။ ခမရ (၆၀၂) သည် ပြီးခဲ့ သည့် ဇန္နာဝါရီ (၂)ရက်နေ့ ကတည်းက ယခုနေရာ ၌ ပြန်လည် ၀င်ရောက် လာခဲ့ခြင်း ဖြစ်ပါသည်။

ခမရ (၆၀၂)တွင် အင်အား (၁၅၀) ခန့်သာ ရှိသည့် အတွက် ခလရ (၅၆) နှင့် ထပ်မံ အင်အား ဖြည့်တင်းခြင်း ပင် ဖြစ် သည် ဟု (KIA) ဖက်မှ ယူဆပါသည်။ အင် အား (၅၀၀)ခန့် ရှိသည့် ဆုတ်ခွာသည့် တပ်ရင်း (၄)ရင်း ထဲတွင် အခြေ စိုက် နေရာ မသိရ သေးသည့် (ခမရ ၆၂၁) နှင့် (ခမရ ၆၂၂) အထူး တပ်များ လည်း ပါဝင်သည်။

(KIA) တပ်ရင်း (၁၂) ဧရိယာကို တာဝန် ယူ စစ်ဆ င်နေသော အစိုးရ တပ်ဖွဲ့များသည် အများ အားဖြင့် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ဖွဲ့ များက သာ အဓိက ဖြစ်ပြီး နေပြည်တော် ၏ အထူး ကန့်သတ် စစ်ဆင်ရေး ဖြင့် ဆင်နွှဲ နေခြင်း ဖြစ်သည် ဟုဆိုပါသည်။

အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်သည် ဗန်းမြို့ အခြေစိုက် ဖြစ်ပြီး ၄င်းတွင် တပ်ရင်း (၉) ရင်းရှိ ပါသည်။ ၄င်းတို့၏ မူလ အခြေစိုက်များ မှာ ခလရ (၄၇) ဗန်းမော်မြို့၊ ခလရ (၅၆) ဗန်းမော်မြို့၊ ခလရ(၁၄၂) မိုးမောက် မြို့၊ခမရ (၃၁၉) ဗန်းမော် မြို့၊ ခမရ (၃၂၀) မြို့သစ်မြို့၊ ခမရ (၄၃၇) မိုးမောက် မြို့၊ ခမရ (၄၃၈) မြို့သစ်မြို့၊ ခမရ (၆၀၁) ရွှေကူ မြို့၊ ခမရ (၆၀၂) ရွှေကူမြို့တို့ဖြစ် ကြပါသည်။ နောက် ထပ် တိုးချဲ့ တပ်ရင်း ရှိမရှိ မသိရသေး သော်လည်း အများ အားဖြင့် တပ်ရင်း (၁၀)ရင်း ထက် ကျော် မည်မဟုတ်ပေ။

ဤ ရက်ပိုင်း တွင်လည်း မုန်ဒိန်ပါ ကျေးရွာ နယ်မြေမှ ဆုတ်ခွာ သွားသော တပ်များသည် (KIA) တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁) ကြားရှိ ဗန်းမော် နမ့်ခမ်း ကား လမ်း ပိုင်း နယ်မြေ ဖက်သို့ စစ်ဆင် ခဲ့သည်ဟု ဗိုလ်မှူး ဂျွမ်းအောင် ကဆိုပါသည်။

ယမန်နေ့ မနက်ပိုင်း တွင်လည်း နန်းလင်းပါ ကျေးရွာ နှင့် ကောင်ကြာ ကျေးရွာ များမှ အစိုးရ စစ်ကြောင်း များသည် ထို နေရာမှ (၈) မိုင်ခန့် ဝေးသော ဗန်းမော် မဘိန်း ကားလမ်းရှိ ဆင်ကမ်း ချောင်း သံတံတား ဖက်သို့ ဆုတ်ခွာ သွားခဲ့ ပြန်ပါ သည်။ဤဒေသမှ ယခုကဲ့သို့ ဆုတ်ခွာ နေရင်းမှ ယမာန်နေ့ ၌ ခလရ (၅၆) တပ် များ ထပ်မံ ၀င်ရောက် လာခြင်း ပင်ဖြစ် ပါသည်။

ဤသို့သော စစ်ဆင်ရေး များ ကြောင့် မုန်ဒိန်ပါ၊ ကောင်ဂျာ၊ နန့်လင်းပါ၊ ကောင်ရွန် စသော ဒေသရှိ ကျေးရွာ ပေါင်း (၁၀) ရွာကျော်မှ ဒုက္ခ သည် လေး ထောင် ကျော် သည် မန်ဝင်းကြီး၊ အင်ဘာပါစသည့် ဒုက္ခသည် စခန်းများ သို့ ထွက် ပြေးတိမ်း ရှောင်ခဲ့ ကြရပါ သည်။

ထွက်ပြေး ခဲ့ ကြသော ဒုက္ခသည် သစ် များအတွက် အအေး ဒဏ်ခံရန် အနွေး ထည်များ၊ ရိက္ခာများ နှင့် ဆေးဝါးများ မ လောက် မငှ ဖြစ်နေရ သည်ဟု ဒုက္ခသည် စခန်းကော် မီတီဝင် များက ဆိုပါသည်။

No comments: