Wednesday, January 8, 2014

လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် သတင်းသမားများ ဆန္ဒဖော်ထုတ်

ယုဝေ၊ အေးမြင့်စန်း

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ The Daily Eleven သတင်းစာ၏ နယ်သတင်းထောက် မခိုင်(ခ) နော် ခိုင်ခိုင်အေးချို ထောင်ဒဏ်ချမှတ်ခံရခြင်းအပေါ် အခြေတည်ကာ မှန်ကန်သော တရားစီရင်ရေး လုပ် ဆောင်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် ရည်ရွယ်၍ ဇန်န၀ါရီ ၇ ရက်က မဟာဗန္ဓုလပန်းခြံ မှ ဗဟန်းမြို့နယ်ရှိ Eleven Media Group ရုံးအထိ သတင်းသမားအင်အား ၁၅၀ ခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ကြသည်။

ဆန္ဒပြပွဲတွင် ဦးဆောင် လှုပ်ရှားခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က “ဒီကိစ္စကို ဒီအတိုင်းပဲ လက်ခံလိုက်မယ်ဆိုရင် ခြိမ်းခြောက်ခံရမှုတွေ၊ ထောင်ကျခံရမယ့် ကိစ္စတွေ အများကြီးဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်။ အနိမ့်ဆုံးအနေနဲ့ ဒီလိုမျိုး အရေးယူမှုမျိုးမဖြစ်အောင် ဥပဒေအရသော်လည်းကောင်း စီရင်ထုံးအရသော်လည်းကောင်း လက်စွဲအရသော်လည်းကောင်း ပြင် ဆင်ပေးဖို့လိုအပ်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

လွိုင်ကော်မြို့မှ The Daily Eleven ၏ သတင်းထောက်မခိုင်ကို သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော် နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ဒီဇင်ဘာ ၁၇ ရက်၌ ပြစ်မှုပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု) အရ ထောင်ဒဏ် သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ (အသရေဖျက်မှု) အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) (ညစ်ညမ်းစွာပြောဆိုမှု) အရ ထောင်ဒဏ်တစ်လတို့ကို တစ် ပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းနှင့် The Daily Eleven သတင်းစာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက “မီဒီယာ လွတ်လပ်ခွင့်က သတင်းစာတိုက်တစ်ခု မီဒီယာတစ်ခု သတင်းထောက်တစ်ယောက်စီမှာတင် မဟုတ်ပဲ မီဒီယာအားလုံးနဲ့ဆိုင်တယ်ဆိုတာ သက်သေပြလိုက်တာပဲ”ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် “သတင်းလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရမှု အလိုမရှိ”၊“လွတ်လပ်စွာ သတင်းရယူ ခွင့်ပြုရေး ဒို့အရေး”၊ “မှန်ကန်တဲ့ တရားစီရင်ရေး ချက်ချင်း လုပ်ဆောင်ပေး” စသည့် ကြွေးကြော်သံများ ဖြင့် မြို့တော်ခန်းမရှေ့မှ တာမွေမြို့နယ် The Daily Eleven သတင်းစာတိုက်အထိ လမ်းလျှောက်ခဲ့ကြ သည်။

ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) အထွေထွေအတွင်းရေးမှူးဦးမြင့် ကျော်က သူ၏ဖေ့စ်ဘွတ်တွင် “ယင်းပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ပေးရန်၊ မြန်မာဂျာနယ်လစ်ကွန်ရက် က သက်ဆိုင်ရာ တရားစီရင်ရေးအဖွဲ့အစည်းများထံသို့ ပေးစာတစ်စောင်ကို ပြစ်ဒဏ်ချမှတ်ပြီး ရက်အ နည်းငယ်အကြာ ဒီဇင်ဘာ၂၁ ရက်က ပေးပို့ခဲ့သည်။ သို့သော် စာပေးပို့ပြီး ၁၀ ရက်ကျော်လာသည်အထိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိ”ဟု ရေးသားထားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ Eleven Media Group အနေဖြင့် ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်များက နိုင်ငံ တော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကအပါအ၀င် တာဝန်ရှိသူအသီးသီးဆီကိုလည်းအကြောင်း ကြားစာပေးပို့ထားကာ တရားရုံးသို့ အယူခံတင်ထားသည့်အတွက် ယခုလ ၁၀ ရက်တွင် ရုံးချိန်းသွား ရောက်ရမည်။

No comments: