မောင်အေး
မလေးရှားနိုင်ငံတွင် ယမန်နေ့က စတင်ခဲ့သည့် တရားမ၀င် အလုပ်သမားဖမ်းဆီးမူ အတွင်း မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမား ၁၅၆၅ ဦး ဖမ်းဆီးမိခဲ့သည်ဟု မလေးရှား အရာရှိများကို ကိုးကားပြီး ဘင်္ဂလား Bdnews24 တွင် ဖေါ်ပြသည်။
ဖမ်းဆီးရမိသူများထဲတွင် မြန်မာနိုင်ငံသား ၁၅၇ ဦး၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၅၅ ဦး၊ အင်ဒိုနီးရှား နိုင်ငံသား ၆၉၅ ဦးပါဝင်ပြီး တခြားသူများမှာ ဖိလစ်ပိုင်၊ ထိုင်း၊ တရုတ်နှင့် နိုင်ဂျီးရီးယား နိုင်ငံသားတို့ ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တရားမ၀င် အလုပ်သမားနှိမ်နှင်းရေးကို ကွာလာလမ်ပူ အပါအ၀င် မြို့ပေါင်း ၁၀၇ မြို့တွင် ရဲအပါအ၀င် အစိုးရ၀မ်းထမ်း တစ်သောင်းခန့်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ ၁၀ ဖွဲ့မှ ဆောင်ရွက် နေခြင်း ဖြစ်သည်။
ယခုပြုလုပ်သည့် တရားမ၀င် နိုင်ငံခြား အလုပ်သမား နှိမ်နင်းရေးမှာ ယခင်ကပြုလုပ်ခဲ့သည့် ၃ လ စီမံကိန်း အပြီးနောက်ပိုင်းတွင် ပြုလုပ်ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးမူသည် မလေးရှားတွင် တရားမ၀င် အလုပ်သမား လုံးဝပပျောက်ရေးအတွက် ပြုလုပ်ခြင်း၏ တစိတ်တဒေသ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment