Thursday, January 23, 2014

ကွမ်လုံခရိုင် ဖျက်သိမ်းရန် အစိုးရစီစဉ်မှု ကန့်ကွက်ခံရ

ဉဏ်လှိုင်လင်း

ရှမ်းပြည်နယ်ရှိ ကွမ်လုံခရိုင်အား ပယ်ဖျက်၍ လားရှိုးခရိုင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရ၏ စီစဉ်မှုကို ကွမ်းလုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ချမ်းက ကန့် ကွက်၍ အတည်ပြုရေးဆိုင်ငံ့ပေးရန် ဇန်န၀ါရီ ၂၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တောင်းဆိုလိုက်သည်။

“အများပြည်သူနဲ့ ပြန်လည်စေ့စပ်ပေးပါရန် တင်ပြအပ်ပါတယ်။ ဆိုင်းငံ့ပေးဖို့ တောင်းဆိုပါတယ်“ဟု ဦးဟော်ရှောက်ချမ်းက ပြောသည်။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ ထောက်ခံချက်ဖြင့် ယင်းသို့ပူးပေါင်းရန် အစိုးရအဖွဲ့က သဘောတူပြီး မှတ်တမ်းတင်ရန် ပေးပို့လာမှုကို ပြည်ထောင်စုလွှတ် တော်၌ ဆောင်ရွက်စဉ် ထိုသို့ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကို ပြည်ထောင်စုလွှတ်တော်ကလည်း လက်ခံခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ ပြန်လည် အကြောင်းကြားပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။

“ခေတ္တဆိုင်းငံ့ပါဆိုတဲ့ တင်ပြချက်ကို မှတ်တမ်းတင်ပြီးတော့ သက်ဆိုင်ရာ အစိုးရဆီကိုလည်း ပြန်ပြီး အကြောင်းကြားပေးပါမယ်”ဟု နာယက သူရဦးရွှေမန်းက ပြောသည်။

အစီအစဉ်တွင် တစ်ပါတည်း ပါဝင်သည့် မိုင်းဖြတ်ခရိုင်အား ပယ်ဖျက်၍ တာချီလိတ်ခရိုင်အဖြစ် ပြင် ဆင်ဖွဲ့စည်းရန်ကိုမူ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

No comments: