Monday, January 13, 2014

ဒိန်းမတ် အိမ်ရှေ့မင်းသမီး ရခိုင်ပြည်နယ်ကို လည်ပတ်ခဲ

ABC

ဒိန်းမတ်နိုင်ငံ ​အိမ်ရှေ့ ​မင်းသမီးမယ်ရီဟာ ​ဇန်န၀ါရီလ ​၁၁ ​ရက်နေ့က ​ရခိုင်ပြည်နယ် ​စစ်တွေမြို့ကို ​ကိုယ်ပိုင်ရပာတ်ယာဉ်နဲ့ ​အလည်အပတ် ​သွားရောက်ခဲ့ပါတယ်။

အိမ်ရှေ့ ​မင်းသမီးပာာ ​အဲဒီနေ့ ​ညနေ ​၃ ​နာရီမှာဘဲ ​အစိုးရအဖွဲ့နဲ့ ​တွေဆုံခဲ့ပြီး ​ပြည်နယ်တွင်း ​ပဋ္ဋိပက္ခ ​ဆိုင်ရာကိစ္စရပ်တွေအပြင် ​ယဉ်ကျေးမှုဆိုင်ရာ ​ကိစ္စတွေကိုလည်း ​ထည့်သွင်းစဉ်းစားဖို့ ​အစိုးရအဖွဲ့ကို ​အကြံပြုပြောကြားခဲ့တယ်လို့ ​သိရပါတယ်။

အဲ့ဒါအပြင် ​သူမအနေနဲ့ ​ရခိုင်ပြည်နယ်ကို ​ပထမဆုံးအကြိမ် ​ရောက်လာတဲ့အကြောင်းနဲ့ ​မြန်မာပြည်မှာ ​ဒီလောက်လှပတဲ့ ​မြင်ကွင်းတွေ ​ရှိနေပေမယ့် တစ်ဖက်မှာ ​ပဋိပက္ခ ​ဖြေရှင်းနေရတာတွေ ​မြင်ရတော့ ​စိတ်မကောင်းဖြစ်မိကြောင်းလည်း ​ပြောပါတယ်။

ပြီးတော့ ​အိမ်ရှေ့မင်းသမီး ​မယ်ရီဟာ ​လက်ရှိ ​ရခိုင်ပြည်နယ် ​အခြေအနေနဲ့ ​ပဋိပက္ခ ​ဆိုင်ရာ ​ကိစ္စတွေအတွက် ​ရခိုင်ပြည်နယ်အစိုးရနဲ့ ​ဒိန်းမတ် ​အိမ်ရှေ့ ​မင်းသမီးတို့ ​ဦးဆောင်တဲ့ ​ဒိန်မတ်လူမှုကူညီအဖွဲ့တို့ ​တွေ့ဆုံ ​ဆွေးနွေးမှု ​လုပ်ခဲ့ကြ ​ပါတယ်။

ဒိန်းမတ် ​အိမ်ရှေ့ ​မင်းသမီးမယ်ရီ က ​ကုလသမဂ္ဂ ​လူဦးရေ ​ရန်ပုံငွေ ​အဖွဲ့UNFPA ​အစီအစဉ်နဲ့ ​ဇန်န၀ါရီလ ​၁၀ ​ရက်နေ့က ​မြန်မာနိုင်ငံကို ​ရောက်ရှိလာပြီးတော့ ​မနေ့ကတော့ ​စစ်တွေမြို့မှာရှိတဲ့ ​နှစ်ဖက်ဒုက္ခသည်စခန်းကို ​သွားရောက်ခဲ့ပြီး ​ညနေပိုင်းမှာတော့ ​ရန်ကုန်မြို့ကို ​ပြန်လည်ရောက်ရှိလာတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: