Tuesday, January 14, 2014

ကျပ်သိန်းပေါင်းတစ်သောင်းတန် ရွေ့လျား ကရ၀ိက်ဟိုတယ် ၈၀ ရာခိုင်နှုန်းပြီးစီး

အောင်ကိုဦး

ရှေးဟောင်းယဉ်ကျေးမှုလက်ရာများ ပါဝင်သော ရွေ့လျားရေပေါ်ကရ၀ိက်ဟိုတယ်ကို မန္တလေးမြို့၊ ဧရာ ၀တီဆိပ်ကမ်း၌ တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အဆို ပါရေပေါ်ဟိုတယ်ဆောက်လုပ်သည့် GC-မြန်မာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းက “အခုလို ပွင့်လင်းလာတဲ့အချိန်မှာ ကမ္ဘာလှည့်ခရီးသည်တွေ ပိုမိုဝင်ရောက်လာကြပြီဖြစ်တယ်။ သူတို့ကို မြန်မာ့ယဉ်ကျေးမှုနဲ့ ဧရာဝတီမြစ်ရဲ့ သဘာဝအလှတရားတွေကို ကမ္ဘာသိအောင်ပြချင်တဲ့ ရည် ရွယ်ချက်နဲ့ သိန်းပေါင်းတစ်သောင်း ရင်းနှီးမတည်ပြီး တည်ဆောက်ရခြင်းပါ”ဟု မန်နေးဂျင်းဒါရိုက်တာဦး ထွန်းထွန်းက မဇ္ဈိမကို ဇန်န၀ါရီလ ၁၂ ရက်တွင် ပြောသည်။

ထိုသို့ တည်ဆောက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးဝန်ကြီးဌာနအဆင့်ဆင့်၏ ခွင့်ပြုချက် ရယူ ထားပြီးဖြစ်သည်။ ကရ၀ိက်ဟိုတယ်သည် အလျားပေ ၂၅၀၊ အကျယ်ပေ ၇၀နှင့် အမြင့် ရှစ်ပေ၊ ရေစူး လေးပေရှိပြီး မြန်မာမှု ဗိသုကာလက်ရာများဖြင့် စိတ်တိုင်းကျ တည်ဆောက်နေခြင်းဖြစ်ကာ ပြီးစီးမည့် အချိန်အတိအကျ မခန့်မှန်းနိုင်သေးဟုလည်း ဦးထွန်းထွန်းက ပြောသည်။

၎င်းက “မန္တလေးဆိပ်ကမ်းမှာ လက်ရှိအနေနဲ့ အသေးစိတ် အချောကိုင်နေတယ်။ အင်ဂျင်က မြင်းကောင် ရေ ၃၆၀၀ အင်အားနှစ်လုံးတပ်ထားတာပါ”ဟု ပြောသည်။

အဆိုပါ ရေပေါ်ဟိုတယ်ကို ၂၀၁၃- ခုနှစ်၊ ဧပြီလက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အောင်နိုင်သူလွန်း ကျင်းတွင် အောက်ပိုင်းသံထည်ကို စတင်လုပ်ကာ အပေါ်ပိုင်း အဆောက်အအုံကို စက်တင်ဘာအတွင်း တွင် ရွှေကူ၌ သွားရောက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရွေ့လျား ရေပေါ်ဟိုတယ်ကို မန္တလေးမှ မင်းကွန်း၊ ရွှေကြက်ယက်ခရီးစဉ်များသို့ ပြေးဆွဲပေးသွားမည်ဖြစ် ကာ ခရီးသည်များ တောင်းဆိုလာပါက ပုဂံညောင်ဦးခရီးစဉ်များသို့ ပြေးဆွဲပေးရန်ရှိပြီး၊ မြစ်ကြောင်းတစ် လျှောက်ဒေသများသို့ လေ့လာလိုပါကလည်း တိုးချဲ့ပို့ဆောင်ပေးမည် ဖြစ်သည်။

ကရ၀ိက် ရွေ့လျားဟိုတယ်တွင် အထပ်နှစ်ထပ်ရှိ၍ အခန်းပေါင်း ၃၈ ခန်းပါဝင်ပြီး၊ ၎င်းအထပ်များ၏ အပေါ်ဆုံးထပ် လေသာဆောင်တွင် မင်္ဂလာဧည့်ခံပွဲများ လက်ခံသွားမည် ဖြစ်သည်။ ယင်းအပြင် ကမ္ဘာ လှည့်ခရီးသည်များ စိတ်ဝင်စားမှုရှိရန် ပန်းချီပန်းပုပြခန်းများ၊ ရုပ်သေးပွဲများ၊ မြန်မာ့ရိုးရာခြင်းလုံးကစား ခြင်းများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကာ ဟိုတယ်ပေါ်တွင် ရာသီအလိုက် သဘာဝပန်းများကို ပန်းအိုးများဖြင့် အလှဆင်သွားမည် ဖြစ်သည်။

အဆိုပါ ရေပေါ်ဟိုတယ်ကို တည်ဆောက်ရခြင်းမှာ မြန်မာ့ယဉ်ကျေးမှုလက်ရာများကို ကမ္ဘာလှည့်ခရီး သွားများ သိရှိခံစားနိုင်စေရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး ၀န်ဆောင်ခများကို လက်ရှိအချိန်တွင် သတ်မှတ်ထားခြင်းမရှိသေးဘဲ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးမှ သတ်မှတ်ထုတ် ပြန်ပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် ဆိပ်ကမ်းနေရာကို အတည်မပြုနိုင်သေးခြင်းမရှိသေးဘဲ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် နေရာနှစ်နေရာ တင်ပြထားကာ ၃၅လမ်း၊ ဆိပ်ကမ်းနှင့် ရေကြောင်းပို့ ဆောင်ရေး VIP ဆိပ်ကမ်းနေရာများကို တင်ပြတောင်းဆိုထားသည်။

No comments: