Wednesday, January 8, 2014

အမေရိကန်က မြန်မာနိုင်ငံကို ဘားမားလို့ပဲ ဆက်ခေါ်မယ်လို့ဆို

ABC

မြန်မာနိုင်ငံ ​အစိုးရနဲ့ ​ဆက်ဆံရေး ​ထိန်းသိမ်းတဲ့အနေနဲ့ ​အစိုးရနဲ့ ​ဆက်ဆံတဲ့အခါ ​နိုင်ငံနာမည်ကို ​Burma ​လို့မခေါ်ပဲ ​မြန်မာဆိုတဲ့ ​နာမည်ကိုသာ ​တခါတရံ ​သုံးလေ့ရှိတဲ့အကြောင်း ​အမေရိကန် ​အစိုးရက ​ပြောပါတယ်။

၁၉၈၉ ​ခုနှစ်မှာ ​နိုင်ငံရဲ့ ​နာမည်ကို ​Burma ​ကနေ ​မြန်မာလို့ ​စစ်အစိုးရက ​ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ​အဲဒီနာမည်ကို ​နိုင်ငံခြားအစိုးရ ​တချို့က ​အသိအမှတ်မပြုပဲ ​Burma ​လို့သာ ​ခေါ်ဝေါ်ကြပါတယ်။

နိုင်ငံရဲ့ ​နာမည်ကို ​နေ့ချင်းညချင်းပြောင်းတာကို ​ပြည်ပရောက် ​မြန်မာအတိုက်အခံတွေနဲ့ ​ပြည်တွင်းက ​အစိုးရအတိုက်အခံတွေကလည်း ​အသိအမှတ် ​ပြုမှု ​မရှိသေးပါဘူး။

တချို့ပြည်ပနိုင်ငံတွေနည်းတူ ​အမေရိကန်နိုင်ငံကလည်း ​မြန်မာနိုင်ငံကို ​Burma ​လို့သာ ​ခေါ်ဝေါ်လေ့ရှိပေမယ့် ​မကြာခင်မှာ ​ကျင်းပတဲ့ ​မြန်မာ့လွတ်လပ်ရေးနေ့အတွက် ​ပေးပို့တဲ့ ​သဝဏ်လွှာထဲမှာတော့ ​မြန်မာဆိုတဲ့နာမည်ကို ​ထည့်ရေးထားပါတယ်။

ဒီလို ​ရေးသားမှုတွေကြောင့် ​မြန်မာဆိုတဲ့ ​နာမည်ကို ​အမေရိကန်အစိုးရက ​ပြောင်းလဲခေါ်ဝေါ်နေပြီလားလို့ ​မေးရာမှာ ​သံတမန်ဆက်ဆံရေးအဆင်ပြေဖို့အတွက်သာ ​သုံးတာဖြစ်ပြီး ​ကျန်တဲ့အချိန်မှာတော့ ​Burma ​လို့ ​ဆက်ခေါ်သေးကြောင်း ​အမေရိကန် ​နိုင်ငံခြားရေးဌာနက ​ပြောပါတယ်။

သစတြေးလျနိုင်ငံကလည်း ​အရင်တုန်းက ​မြန်မာအစိုးရ ​အရာရှိတွေနဲ့ ​ဆက်ဆံတဲ့အခါမှာသာ ​မြန်မာလို့ခေါ်ပြီး ​တခြားအချိန်မှာ ​Burma ​လို့ ​ခေါ်လေ့ရှိပေမယ့် ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲမှုတချို့ ​ဖြစ်ပေါ်ပြီးနောက်ပိုင်း ​မြန်မာဆိုတဲ့ ​နာမည်ကို ​အသိအမှတ်ပြုပြီး ​တရားဝင်ခေါ်ဆိုမှုတွေ ​ပြုလုပ်လိုက်ပါတယ်။

No comments: