Friday, January 24, 2014

ငွေဒဏ် ကျပ်သန်းငါးရာနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း ဆွေးနွေးမည်

စိုးသန်းလင်း၊ မင်းမင်း

ငွေကြေးခ၀ါချမှုကို ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားပါက အများဆုံးငွေဒဏ်ကျပ် သန်းငါးရာနှင့် ထောင် ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သော “ငွေကြေးခ၀ါချမှုတိုက်ဖျက် ရေးဥပဒေကြမ်း”ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးတော့မည် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် “ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်း” ကို ပြည်ထဲ ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဇန်န၀ါရီလ ၂၂ ရက်ကကျင်းပသည့် ပြည် သူ့ လွှတ်တော်တွင် တင်သွင်းခြင်းဖြစ်ပြီး ယင်းဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုရန် ပြည်သူ့လွှတ် တော်တွင် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းထွန်းဦးက လွှတ်တော်သို့ အစီရင် ခံခဲ့ သည်။

“ဒီဥပဒေဟာဆိုရင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနဲ့ ဘဏ်လုပ်ငန်းများအတွက် ငွေကြေးအာမခံ ချက် တစ်ရပ်ဖြစ်လာမှာဖြစ်ပြီး နိုင်ငံတော်ရဲ့ စီးပွားဖွံ့ဖြိုးမှုအတွက် အထောက်အကူတစ်ရပ် လည်းဖြစ် လာပါမယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။

အခန်း ၁၄ ခန်းနှင့် ပုဒ်မ ၆၁ ခုပါသည့် ယင်းဥပဒေကြမ်း၏ ပုဒ်မ ၄၇တွင် ပြည်ထဲရေး ၀န်ကြီးဌာနက “ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများသည် ငွေကြေး ခ၀ါချမှုဆိုင်ရာ ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရပါက ကျပ် သန်းငါးရာထိ ငွေဒဏ်ချမှတ်ရမည်” ဟု ရေးဆွဲထားပြီး ဥပဒေကြမ်း ကော်မတီ ကမူ ပုဒ်မ ၄၅ သို့ လွှဲပြောင်းထားသည်။

ယင်းဥပဒေကြမ်းအား ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယခုလ ၂၆ ရက်တွင် နောက်ဆုံးထားပြီး စာရင်းပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကြေညာထားပြီး ဆွေးနွေး မည့်ရက် အတိအကျကိုမူ ပြောဆိုထားခြင်း မရှိသေးပေ။

ငွေဒဏ် သန်းငါးရာနှင့် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သည့် ပြစ်မှုများမှာ “တရားမ၀င်နည်းဖြင့် ရရှိ သည့် ငွေကြေးနှင့် ပစ်္စည်းများကို အသွင်သဏ္ဌာန်ပြောင်း လဲရန်၊ ဖုံးကွယ်ရန်ကြိုးပမ်းသူအား အရေးယူခံ ရခြင်းမှ ရှောင်ရှားနိုင်ရေးအတွက် ပြစ်မှုမကျူးလွန်မီ ဖြစ်စေ၊ ကျူးလွန်ပြီး ဖြစ်စေ အကူအညီပေးရန် ရည် ရွယ်ချက်ဖြင့် ယင်းငွေကြေးနှင့် ပစ္စည်းကို ပြောင်းလဲခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ တရားမ၀င် ငွေကြေး နှင့် ပစ္စည်း၏ မူလသဘာဝတည် နေရာနှင့် စရိုက်လက္ခဏာတို့ကို ပြောင်းလဲ၍ သော်လည်းကောင်း၊ ယင်း ငွေကြေးနှင့် ပစ္စည်းတို့ကို ပိုင်ဆိုင်မှု သို့မဟုတ် ဖုံးကွယ်ခြင်း သို့မဟုတ် အသွင်ပြောင်းလဲခြင်း တို့အားပြု လုပ်ခြင်း၊ တရားမ၀င်ငွေကြေး နှင့် ပစ္စည်းဖြစ်ကြောင်း မိမိလက်ခံရရှိသည့် အချိန်တွင် သိရှိသော သို့မဟုတ် သိရှိရန် အကြောင်းရှိသော ငွေကြေးနှင့် ပစ္စည်းကို ရယူခြင်း၊ လက်ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်းစသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ သို့မဟုတ် ကျူးလွန် ရန်အကြံအစည်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်မှုဖြင့် သော်လည်းကောင်း၊ ပျက်ကွက်မှုဖြင့် သော် လည်းကောင်း ပူးပေါင်းပါဝင်ခြင်း၊ ကူညီပံ့ပိုးခြင်း၊ အထောက်အပံ့ပေးခြင်း၊ စီမံခန့်ခွဲခြင်း၊ အကြံဉဏ်ပေး ခြင်း၊ ဂိုဏ်းအဖွဲ့ဝင်ဖြစ်ခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် ဆက်စပ်ပတ်သက်ခြင်းဆိုင်ရာ ပြစ်မှုကျူးလွန် ခြင်း” တို့ဖြစ်သည်။

No comments: