ABC
မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှုရှိလာဖို့အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၂၀၀၀ ဒါမှမဟုတ် ၂ ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံအပေါ် အကြီးမားဆုံး ကူညီထောက်ပံ့မှုပေးလိုက်တာဖြစ်ပြီး ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim မြန်မာနိုင်ငံမှာ ရောက်ရှိနေတုန်း ခုလို ကြေငြာလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူဦးရေ ၇၀% ဟာ လျှပ်စစ်မီး မရကြတဲ့အတွက် လျှပ်စစ်မီး ပိုမိုရရှိစေရေးအတွက် ထောက်ပံ့ငွေ ဒေါ်လာ သန်း ၂၀၀၀ ထဲက သန်းတစ်ထောင်ကို လျှပ်စစ်မီးအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ငွေတွေထဲက တချို့ကိုတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အရည်အသွေးမှီပြီး မရှိမဖြစ် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေပေးဖို့အတွက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် အရည်အသွေးကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့ လူဦးရေ ၇၅% လောက်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ကမ္ဘာ့ဘဏ် ဥက္ကဌ Jim Yong Kim ဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိတာဖြစ်ပြီး ဒီကနေ့ နေပြည်တော်မှာ ကျင်းပမယ့် မြန်မာနိုင်ငံဖွံ့ဖြိုးရေး ဖိုရမ်ကို တက်ရောက်ဖို့အတွက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ ကမ္ဘာ့ဘဏ်ဥက္ကဌဟာ သမ္မတ ဦးသိန်းစိန်နဲ့ တခြား အစိုးရ အရာရှိတွေအပြင် စီးပွားရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
No comments:
Post a Comment