Thursday, January 23, 2014

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ၁၀% တိုးအောင် လုပ်မယ်လို့ အစိုးရပြော

ABC

မြန်မာအစိုးရက ​ဒီနှစ်အတွင်း ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုတွေ ​၁၀ ​ရာခိုင်နှုန်း ​တိုးမြှင့်နိုင်အောင် ​ဆောင်ရွက်သွားဖို့ ​ရှိတယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံ ​စိုက်ပျိုးရေးကဏ္ဍနဲ့ ​ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ​အဓိက ​အားထားပြီး ​နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ​ရရှိအောင် ​ပြုလုပ်မှာဖြစ်ပြီး ​အမေရိကန် ​ဒေါ်လာ ​၃ ​ဘီလီယံလောက် ​ထပ်မံတိုးလာဖို့ ​မျော်လင့်နေတာ ​ဖြစ်ပါတယ်။

သဘာဝသယံဇာတတွေ ​ပေါကြွယ်တဲ့ ​မြန်မာနိုင်ငံမှာ ​ပြုပြင်ပြောင်းလဲရေးတွေ ​ပြုလုပ်ပြီးနောက် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံမှုတွေ ​လှိမ့်ဝင်လာလိမ့်မယ်လို့ ​မျော်လင့်ခဲ့ကြပေမယ့် ​မြန်မာနိုင်ငံမှာ ​ရေ၊ ​မီး၊ ​လမ်းပန်းဆက်သွယ်ရေး ​အစရှိတဲ့ ​အခြေခံ ​အဆောက်အဦးမှာ ​အားနည်းချက်ရှိတာတွေ၊ ​စပ်ကူးမတ်ကူးနိုင်ငံရေးကာလအတွင်း ​ဥပဒေအတည်တကျ ​မရှိမှုတွေကြောင့် ​နိုင်ငံခြား ​ရင်းနှီးမြုပ်နှံသူတွေ ​ခြေစုံပစ်ဝင်ပြီး ​ရင်းနှီးမြုပ်နှံတာတွေ ​ထင်သလောက် ​မများပြားခဲ့ဘူးလို့ ​သိရပါတယ်။

ဒါပေမယ့်လည်း ​ပြုပြင်ပြောင်းလဲမှုတွေကို ​ဒီအတိုင်း ​လုပ်ဆောင်သွားမယ်ဆိုရင် ​လမ်းကြောင်းမှန်ကို ​ရောက်ရှိလိမ့်မယ်လို့လည်း ​ပညာရှင်တွေက ​သုံးသပ်နေကြပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ​ထင်သလောက် ​မများပြားပေမယ့် ​မြန်မာ့စီးပွားရေးဟာ ​တိုးတက်လာဖို့ရှိတယ်လို့ ​နိုင်ငံတကာ ​ငွေကြေးရံပုံငွေအသင်း ​IMF ​က ​ခန့်မှန်းထားပေမယ့် ​တဖက်မှာလည်း ​ငွေကြေးဖောင်းပွမှု ​အလုပ်လက်မဲ့ဦးရေ ​များပြားမှုနဲ့ ​ကျွမ်းကျင်အလုပ်သမား ​နည်းပါးမှုတွေက ​စိန်ခေါ်မှု ​ဖြစ်နေတယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

No comments: