Monday, January 6, 2014

ရှမ်းပြည် မြောက်ပိုင်း တွင် အဆက် မပြတ် တိုက်ပွဲဖြစ်နေ

ရွှေဟင်္သာ

တေအာင်း လွတ်မြောက် ရေး တပ်မတော် (TNLA) တပ်ဖွဲ့နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄)မှ တပ်ရင်း (၃၄) တို့ ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်ရင်း ခမရ (၅၀၃) နှင့် ခမရ (၅၀၄) ပူးပေါင်း စစ်ကြောင်း တို့ ယနေ့ညနေ (၄း၁၅) နာရီမှ (၅)နာရီ နီးပါး အထိ ပန်စရီ ကျေးရွာ နှင့်မြို့သစ် ရွာ အ ကြား တွင်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ သည် ဟု တအာင်း ပြန်ကြား ရေးဌာန က ဆိုပါသည်။

“ အဲဒီ အစိုးရ စစ်ကြောင်း တွေက ပန်စရီ ကျေးရွာ ကနေ မြို့သစ်ရွာ ဖက်ကို ထွက်လာတဲ့ အချိန်မှာ ကျနော်တို့ ပူးပေါင်း ပျောက်ကျား တပ်တွေက လည်း စခန်း တခု ကနေ တခုသို့ ပြောင်းနေ ချိန်မှာ ဖြစ်ခဲ့ တာပါ။”


တိုက်ပွဲသည်မိနစ် ၃၀ ခန့် အပြန်အလှန် အပြင်းအထန် ပစ်ခတ် ခဲ့ကြပြီးအစိုးရ တပ်များက လက်နက်ကြီး ပစ်အား များ အဆက် မပြတ် ပစ်ခတ် ခဲ့ပါသည်။ ညနေ (၅)နာရီ အထိ တိုက်ပွဲများ ဆက် လက်ဖြစ်ပွား နေသော်လည်း နောက်ပိုင်း တွင် လက်နက်ကြီးများ ဖြင့် ပြတ်တောင်း ပြတ်တောင်း ပစ်ခတ် ခဲ့ကြပါ သည်။ အစိုးရ တပ်များသည် တဖြည်းဖြည်း နှင့် (၁၀)မိနစ် လျှင်တကြိမ် လက်နက်ကြီး များ ပစ်ခတ်ပြီး တိုက်ပွဲကို ထိမ်းသိမ်း ထားခဲ့ပါသည်။

တိုက်ပွဲ များ ဆက်လက် ဖြစ်ပွားနေ ရာ ယနေ့နံက် တွင်လည်း မိုင်းငေါ့ ကျေးရွာ နှင့် နမ့်တွေ ကျေးရွာ အကြားတွင်(TNLA ၇၁၇) တပ်ဖွဲ့ အပါဝင် (၂၅၆) တပ်ဖွဲ့ တို့နှင့် မိနစ် ၃၀ ကျော် စီ ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါ သည်။ တအာင်းနှင့် ကချင်တို့၏ တပ်မဟာ (၄) နယ်မြေ တွင် အစိုးရ အမှတ်(၁) စကခ တပ်များ ပိုက်စိပ် တိုက် လှုပ် ရှားနေ ပါသည်။ အစိုးရ တပ်များ ကမူ နှစ်ပတ်ကျော် ကြာ အနား ယူလာ ခဲ့ပြီးမှ ယခုကဲ့သို့ တိုက်ပွဲများ စိပ်လာခြင်း ဖြစ်ပါသည်။

တိုက်ပွဲများ သည်လှုပ်ရှား တပ်အချင်း ချင်းထိပ် တိုက်ရင် ဆိုင်သော နည်းဖြင့်ပြောင်း လဲတိုက်ခိုက် လာခဲ့ပါ သည်။ ပြီးခဲ့သည့် ဒီဇင်ဘာ လတွင် အစိုးရတပ် များသည် ပလောင်နှင့် ကချင်တို့ ရှိရာစခန်း ကို သာ သွားရောက် တိုက်ခိုက် ကြပါ သည်။ စခန်းသိမ်း တိုက်ပွဲသည် အစိုးရ တပ်ဖွဲ့များ အတွက် အထိနာ စေခဲ့ သဖြင့် လှုပ်ရှား တပ်ချင်း တိုက်ခိုက်မှု ဖက်သို့ ပြောင်းလဲ လာပုံရ သည်ဟု (TNLA) အတွင်း ရေးမှူး တာဘုန်းကျော် သုံးသပ်ခဲ့ပါက ယနေ့မနက်ပိုင်း တွင် သုံး သပ် ခဲ့ပါသည်။

No comments: