Thursday, January 9, 2014

နိုင်ငံရေးမလုပ်ရ ကန့်သတ်ချက်မရှိဟု ပြည်တက္ကသိုလ်ပါမောက္ခချုပ် ပြော

ရေခဲ(ပြည်)

ထောင်ကျခံခဲ့ရသည့်ကျောင်းသား ကိုသန့်ဇင်ထက်ကို ကျောင်းတက်ခွင့်ပြုပြီ


ကျောင်းသားများ နိုင်ငံရေးမလုပ်ရဟူသည့် ကန့်သတ်ချက်မရှိဟု ပြည်တက္ကသိုလ်ပါမောက္ခချုပ်က ထုတ် ဖော်ပြောဆိုလိုက်ပြီး အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၆၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ ဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံရပြီး ပေါင်းတည်ထောင်အတွင်း အစာငတ်ခံဆန္ဒပြခဲ့သူ တက္ကသိုလ်ကျောင်း သား မောင်သန့်ဇင်ထက်အား ကျောင်းတက်ခွင့်ပေးလိုက်ပြီဟု ဆိုသည်။

“နိုင်ငံရေးမလုပ်ရလို့ ကန့်သတ်ချက်မရှိဘူး။ အကျင့်စာရိတ္တကောင်းမွန်ကြောင်းပဲရှိမယ်။ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းကတော့ တခြားကျောင်းသားတွေလည်း လိုတယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောင်းဝင်ခွင့်ပြုလိုက်ပြီ”ဟု ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်က ဆိုသည်။

ဇန်န၀ါရီလ ၇ ရက်တွင် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာသက်ထွန်းအောင်၊ ဒုတိယပါမောက္ခချုပ် ဒေါက် တာသန်းသန်းဝင်းအပါအ၀င် ပြည်တက္ကသိုလ်ကျောင်းရှိ တာဝန်ရှိသူများ အစည်းအဝေးပြုလုပ်၍ ကိုသန့် ဇင်ထက်ကို ကျောင်းဝင်ခွင့်ပေးရေး မပေးရေး ဆုံးဖြတ်ခဲ့ရာ ကျောင်းဝင်ခွင့်ရရှိသွားခြင်း ဖြစ်သည်။

ကိုသန့်ဇင်ထက်သည် ဒုတိယနှစ်အင်္ဂလိပ်စာ ကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းတက်ခွင့်ရရေးအတွက် ပြည်တက္ကသိုလ်သို့ လေးရက်တိုင် သွားရောက်လျှောက်ထားခဲ့ရာ မရရှိခဲ့ဘဲ ဇန်န၀ါရီလ ၇ ရက်တွင်မှ ကျောင်းတက်ခွင့် ရရှိသွားခြင်းဖြစ်သည်။

၂၀၁၃ ဒီဇင်ဘာလ ၂၅ ရက်နှင့် ၃၁ ရက်၊၂၀၁၄ ဇန်န၀ါရီ ၁ ရက်နှင့် ၆ ရက်တို့တွင် ကျောင်းဝင်ခွင့် သွား ရောက်လျှောက်ထားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ပြစ်မှုမမြောက်ကြောင်း ထောက်ခံချက်၊ နိုင်ငံရေးမလုပ် ကြောင်း၊ ကျေးရွာရပ်မိရပ်ဖနှင့် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ပြည်တက္ကသိုလ်မှ တောင်းခံ ခဲ့သည်ဟု ကိုသန့်ဇင်ထက်က ပြောသည်။

ကိုသန့်ဇင်ထက်သည် နတ်တလင်းမြို့နယ် ကြတ်ကြီးကြိုးဝိုင်းအတွင်း ခမရ(၅)စစ်တပ်နှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးတို့မှ သိမ်းယူထားသော လယ်ယာမြေများတွင် မူလလယ်ပိုင်ရှင်များ ထွန်တုံးတိုက်ပွဲဆင်နွှဲနေ ခြင်းကို သွားရောက်အားပေးခဲ့သဖြင့် ဒေါ်မြင့်မြင့်အေး၊ ဒေါ်မိမိခိုင်တို့နှင့်အတူ ပေါင်းတည်ထောင်တွင် ၂၀၁၃ ခုနှစ်ဇွန်လ ၁၁ ရက်ကစတင်ကာ ၆ လနှင့် ၁၄ ရက် ထောင်ကျခဲ့ပြီး ဒီဇင်ဘာ၂၄ ရက်တွင် ပေါင်း တည်ထောင်မှ လွတ်မြောက်လာသူဖြစ်သည်။

No comments: