Friday, January 3, 2014

၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ဖို့ သမ္မတ လက်ခံ

ABC

မြန်မာနိုင်ငံရဲ့ ​၂၀၀၈ ​ခု ​ဖွဲ့စည်းပုံ ​အခြေခံ ​ဥပဒေ ​ပြင်ဆင်ရေးဆွဲရေးမှုကို ​လက်ခံကြောင်း ​သမ္မတ ​ဦးသိန်းစိန်က ​ပြောလိုက်ပါတယ်။

အခြေခံဥပဒေကို ​အခြေအနေ ​အချိန်အခါလိုက်ပြီး ​ပြင်ဆင်ရေးသား ​ရမယ်ဆိုတဲ့မူကို ​သမ္မတအနေနဲ့
ကျင့်သုံးမယ်လို့လည်း ​နှစ်သစ်ကူး ​မိန့်ခွန်းမှာ ​ပြောကြားခဲ့တာ ​ဖြစ်ပါတယ်။

နိုင်ငံသားတစ်ဦးဦးကို ​မြန်မာနိုင်ငံ ​ခေါင်းဆောင် ​ဖြစ်ခွင့် ​တားမြစ်ထားတဲ့ ​ဥပဒေမျိုးကို ​မလိုလားတဲ့အကြောင်း ​သမ္မတဦးသိန်းစိန်ရဲ့ ​မိန့်ခွန်းမှာ ​ပြောသွားပါတယ်။

သမ္မတ ​ဦးသိန်းစိန်က ​အသက်ဝင်တဲ့ ​ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ​ပိုင်ဆိုင်ဖို့ဆိုရင် ​လူ့အဖွဲ့အစည်း ​တစ်ရပ်လုံးရဲ့ ​နိုင်ငံရေး၊ ​စီးပွားရေး၊ ​လူမှုရေး ​လိုအပ်ချက်များနဲ့ ​သဟဇာတဖြစ်အောင် ​အခြေအနေ ​အချိန်အခါအလိုက် ​ပြင်ဆင်ရေးသားရမယ်ဆိုတဲ့ ​အခြေခံမှုကို ​ဆုပ်ကိုင်ထားရမှာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီလို ​အပြောအဆိုတွေဟာ ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတ ​ဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​ဥပဒေကို ​ရည်ညွန်းပြောဆိုတာ ​ဖြစ်ပြီး ​ဒေါ်အောင်ဆန်းစုကြည်လို ​ပုဂ္ဂိုလ်မျိုးလည်း ​သမ္မတ ​ဖြစ်လာခွင့်ရှိသင့်ကြောင်း ​ရည်ရွယ်ပြောဆိုတာ ​ဖြစ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

၂၀၀၈ ​ဖွဲ့စည်းပုံ ​အခြေခံဥပဒေ ​ပြင်ဆင်မှုနဲ့ ​ပတ်သက်ပြီး ​အမျိုးသား ​ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ​လူထုတွေရဲ့ ​ပြည်သူ့ဆန္ဒခံယူပွဲတွေ ​တောက်လျောက်ပြုလုပ်နေပြီး ​ပြည်သူအများက ​ပြုပြင်ဖို့ ​လိုလားနေကြောင်း ​သိရပါတယ်။

ဒီအချက်တွေကို ​လွှတ်တော်မှာ ​တင်ပြဖို့ရှိကြောင်း ​သိရပါတယ်။

No comments: