Friday, January 24, 2014

၁၄ နှစ်သမီး ရည်းစားထားသူ အဆူခံရသဖြင့် အဆိပ်သောက်သေဆုံး

ဇော်ဇော်ထွေး

အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦး ရည်းစားထားသည်ကို အဒေါ်ဖြစ်သူက ဆူလိုက် သဖြင့် အဆိပ်သောက်သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဇန်န၀ါရီ ၂၂ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

အမှုမှာ ဇန်န၀ါရီ ၂၀ ရက် ည ၈ နာရီ ကျော်က ကွမ်းခြံကုန်းမြို့နယ်၊ ၀က်ကိုက် ကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်စဉ်ကြောင့် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့များက သွားရောက်စစ်ဆေးရာတွင် သေဆုံး သူမှာ မစုစုဖြိုး (၁၄)နှစ်၊ (၉) တန်းကျောင်းသူဖြစ်သည်ဟု အတည်ပြုခဲ့သည်။

သူမသည် ယင်မနားပိုးသတ်ဆေးသောက်မိ၍ ဗိုက်အောင့်မူးဝေကာ ဆေးရုံသို့ ရောက်ရှိလာကြောင်း သိရှိရသဖြင့် စုံစမ်းရာ အဒေါ်ဖြစ်သူက ရည်းစားထားသည့်ကိစ္စအား ဆူသဖြင့် အိပ်ခန်းအတွင်း ၀င် ရောက်၍ ယင်မနားပိုးသတ်ဆေးကို သောက်ခဲ့ခြင်းဖြစ်သည်ဟု ကနဦးမေးမြန်းထားမှုအရ သိရှိထား သည်။

ထို့နောက် အဆိုပါ မိန်းကလေးမှာ ဇန်န၀ါရီ ၂၁ ရက် နံနက် ၅ နာရီခွဲတွင် သေဆုံးသွားသဖြင့် ဓမ္မတာ တိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စစ်ဆေးနိုင်ရန် ဒု-ရဲအုပ် ၀ဏ္ဏမောင်မောင်က တရားလိုပြု လုပ်တိုင်တန်းလိုက်သည်။

ယင်းတိုင်တန်းမှုကြောင့် ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ဆက်လက်စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့ကဆိုထားသည်။

No comments: