Sunday, January 26, 2014

•ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးတွင် ဟောပြောပွဲလုပ်ရန် လာနေပြီ

•ဒေါ်အောင်ဆန်းစုကြည်၏ တောင်ကြီးဟောပြောပွဲ နားထောင်ရန် ပရိတ်သတ် ၄၀၀၀ ခန့် ရောက်နှင့်နေ

ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲကို တောင်ကြီးမြို့ ကျောင်းကြီးစုရပ်၊ ကျောက်တစ်လုံး လမ်းမဘေးရှိယခင် ခွင့်ပြုချက်မရသည့် အဝေရာ မီးပုံးပျံကွင်း၏ မြောက်ဘက် ကားကြီးတစ်စီးပေါ်တွင် စင်ဆောက်ကာဟောပြောပွဲ လုပ်ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဟောပြောပွဲကို ဇန်နဝါရီလ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် စဖွယ်ရှိပြီး ယခု (နေ့လည် ၂နာရီ မိနစ် ၅၀ခန့်တွင်)ဒေါ်အောင်ဆန်းစုကြည်သည် နမ့်ဆမ်မြို့မှ တောင်ကြီးသို့ လာနေသည့် လမ်းပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။

သူမ၏ ဟောပြောပွဲကို နားထောင်ရန် ကျောက်တစ်လုံးလမ်း တစ်ဖက်တစ်ချက်တွင် ကြိုဆိုသူ ပရိတ်သတ် ၄ဝဝဝခန့်ရှိသည်ဟု ထိုနေရာတွင် ရောက်ရှိနေသော မဇ္ဈိမအယ်ဒီတာက သတင်းပေးပို့သည်။


xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၇ နာရီခန့်တွင် လင်းခေးမြို့မှ ပြန်လည်ထွက်ခွာကာ လင်းခေးနှင့် မိုးနဲမြို့များတွင် ထိုမြို့မှ ဆရာတော်၊ သံဃာတော်များနှင့် တွေ့ဆုံကာ ဂါရဝပြုပြီး တောင်ကြီးမြို့ကို သွားနေပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့ကို ညနေ ၄နာရီခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း ဘေးရှိ ပုဂ္ဂလိကပိုင် မြေကွက်လပ်ကျယ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲပြုလုပ်မညဖြစ်သည်။

ဟောပြောပွဲအပြီးတွင် ဟဲဟိုးလေဆိပ်မှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်ကာ ခရီးစဉ် အဆုံးသတ်မည်ဖြစ်သည်။

No comments: