Wednesday, January 8, 2014

သတင်းလွတ်လပ်ခွင့် အတွက် သတင်းထောက်တွေ ဆန္ဒထုတ်ဖော

ABC

မြန်မာနိုင်ငံက ​သတင်းလွတ်လခွင့်ခြိမ်းခြောက်ခံရမှုကိုရှုတ်ချပြီး ​ထိန်းသိမ်းခံထားရတဲ့ ​သတင်းသမားတွေကို ​ပြန်လွတ်ပေးဖို့ ​တောင်းဆိုတဲ့အနေနဲ့ ​မနေ့က ​ရန်ကုန်မြို့မှာ ​သတင်းထောက်တွေ ​ချီတက် ​ဆန္ဒပြခဲ့ကြပါတယ်။

“သတင်းလွတ်လပ်ခွင့် ​ခြိမ်းခြောက်ခံရမှု ​အလိုမရှိ” ​နဲ့ ​“လွတ်လပ်စွာ ​သတင်းရယူခွင့်သည် ​ဒီမိုကရေစီ၏ ​အသက်ဖြစ်သည်”ဆိုတဲ့ ​ကြွေးကြော်သံတွေနဲ့အတူ ​သတင်းထောက်ပေါင်း ​၁၅၀လောက်ဟာ ​မြို့လယ်မှာ ​ချီတက်ဆန္ဒပြခဲ့ကြတာ ​ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ ​သတင်းစုံစမ်းစစ်မှု ​သွားလုပ်ခဲ့တဲ့ ​Eleven ​Media ​group ​က ​သတင်းသမား ​မခိုင်ကို ​အာဏာပိုင်တွေကဖမ်းဆီးခဲ့ပြီး ​ပြီးခဲ့တဲ့လကပဲ ​သူ့ကို ​ထောင်ဒဏ်သုံးလ ​ချမှတ်လိုက်တဲ့ ​ကိစ္စကို ​တုန့်ပြန်တဲ့အနေနဲ့ ​အခုလို ​သတင်းထောက်တွေ ​ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

သတင်းထောက် ​မခိုင်ကို ​တရားစီရင်ရေး ​စနစ်မှာ ​လဒ်စားမှုတွေရှိတယ်ဆိုတဲ့အကြောင်းကို ​ရေးသားဖော်ပြခဲ့တဲ့အတွက် ​အခုလိုမျိုး ​အရေးယူခံခဲ့ရတာဖြစ်နိုင်တယ်လို့ ​အဆိုပါသတင်းဌာက ​ယူဆနေကြပါတယ်။

ဒီချီတက် ​ဆန္ဒပြမှုဟာ ​မြန်မာသတင်းထောက်ကွန်ယက် ​- ​Myanmar ​Journalist ​Network ​က ​ဦးဆောင်ခဲ့တာ ​ဖြစ်ပါတယ်။

No comments: