Monday, January 13, 2014

ဂျပန် အာဏာရပါတီ ဒု-ဥက္ကဌ ဒေါ်စုနဲ့တွေ့ဆုံဖို့ရှိ

ABC

ဂျပန်နိုင်ငံရဲ့ ​လက်ရှိ ​အာဏာရအစိုးရပါတီဖြစ်တဲ့ ​လေဘရယ် ​ဒီမိုကရက်တစ်ပါတီရဲ့ ​ဒု ​ဥက္ကဌ ​မာဆာဟီကို ​ကိုမူရာဟာ ​မြန်မာနိုင်ငံကို ​မနေ့က ​တနင်္ဂနွေနေ့က ​စလို့ ​၅ ​ရက်တာ ​ခရီးစဉ်အဖြစ် ​လာရောက် ​လည်ပတ် ​မယ် ​လို့ ​လေဘရယ် ​ဒီမိုကရက်တစ်ပါတီက ​သောကြာနေ့တုန်းက ​ထုတ်ပြန် ​ကြေငြာခဲ့ပါတယ်။

ဥပဒေပြုရေးရာ ​ဆိုင်ရာ ​ကိစ္စရပ်တွေမှာ ​မြန်မာ့ ​ဒီမိုကရေစီနည်းလမ်းကြောင်း ​အတိုင်း ​တိုးတက် ​နိုင်ရေးအတွက် ​ဂျပန် ​ဒု ​ဥက္ကဌဟာ ​ဒီကနေ့ ​တနင်္လာနေ့မှာ ​အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံဖို့ ​ရှိတဲ့အပြင် ​မြန်မာသမ္မတနဲ့ ​လည်း ​တွေ့ဆုံဖို့အတွက်လည်း ​စီစဉ်နေကြောင်း ​သိရပါတယ်။

စီးပွားရေး ​ဆိုင်ရာ ​ဥပဒေပြုချက်တွေ ​နဲ့ ​တရားစီရင်ရေးဆိုင်ရာ ​ဥပဒေပြဌာန်းချက်တွေ ​ပိုမို ​တိုးတက် ​ကောင်းမွန်ရေး ​ဥပဒေ ​ပညာရှင်များ ​ပိုမို ​ပေါ်ထွန်းရေးအတွက် ​ဂျပန်နိုင်ငံက ​မြန်မာကို ​ဘယ်လို ​အကူအညီပေးသွားနိုင်မလဲဆိုတာနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​အစိုးရနဲ့ ​တွေ့ဆုံဖို့ ​ရှိတယ်လို့ ​ဆိုပါတယ်။

အခုခရီးစဉ်မှာ ​ဂျပန် ​ဒု ​ဥက္ကဌနဲ့ ​အတူ ​အစိုးရအဖွဲ့ ​အကြံပေး ​လည်းဖြစ် ​နာဂိုရာ ​တရားရုံး ​အကြီးအကဲ ​အဖြစ် ​ဆောင်ရွက်ခဲ့ဖူးသူလည်း ​ဖြစ်တဲ့ ​မစ္စတာ ​နိုရီယို ​မူနာဂါတာ ​လည်း ​လိုက်ပါဖို့ ​ရှိကြောင်း ​ဂျိုဒိုး ​သတင်းအရ ​သိရပါတယ်။

No comments: