Monday, January 13, 2014

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအင်အားစုများ ညီလာခံဖြစ်မြောက်ရေး ဆောင်ရွက်မည်

ဟိန်းကိုစိုး

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်း ရင်းသားလက်နက်ကိုင်များ အားလုံးပါဝင်မည့် ပြည်ထောင်စုညီလာခံဖြစ်မြောက်ရေးအတွက် တွန်းအား ပေးဆောင်ရွက်ပေးမည့် ဦးဆောင်လုပ်ငန်းအဖွဲ့ဝင်များကို ရှေ့တစ်ပတ်အတွင်း အပြီးသတ် ရွေးသွား မည်ဟု ၈၈ ငွေရတုဆုံးဖြတ်ချက်များ ပြင်ဆင်ညှိနှိုင်းရေးအဖွဲ့က ဦးရဲနိုင်အောင်က ဇန်န၀ါရီလ ၁၂ ရက် တွင်ပြုလုပ်သည့် ၈၈ ငွေရတုဆုံးဖြတ်ချက်များ အကောင်ထည်ဖော်ရေး စုံညီအစည်းအဝေးအပြီးတွင် ပြောသည်။

“ကျွန်တော်တို့ အခုရွေးမယ့်သူတွေက အစိုးရ၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် ဒီလိုလူတွေနဲ့ တွေ့ဆုံပြီး ပြည်ထောင်စုညီလာခံ ကျင်းပရေးအတွက် တွန်းအားပေး ဆွေးနွေးမယ့်သူတွေဆိုတော့ တကယ်လုပ်ငန်းနဲ့ လိုက်ညီမှုရှိသူတွေကို ရွေးချင်လို့ အချိန်ယူရတာပါ။ ဒီညီလာခံကိုလည်း ၂၀၁၅ မတိုင်မီ လုပ်နိုင်ဖို့တော့ ရည်မှန်းတယ်”ဟု ဦးရဲနိုင်အောင်က ပြောသည်။

လက်ရှိဖော်ဆောင်မည့် ညီလာခံသည် ၂၀၁၃ ခုနှစ်၊ သြဂုတ် ၈ ရက်တွင် ကျင်းပခဲ့သည့် ရှစ်လေးလုံးငွေ ရတုအခမ်းအနားကြေညာစာတမ်းမှ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေးတို့ ဆောင်ရွက်ရန် အမျိုးသားအင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန် လိုအပ်သည်ဟု ဆုံးဖြတ်ထားသည့်အတိုင်း အကောင်ထည်ဖော်ခြင်း လည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “စစ်တပ်နဲ့ လွှတ်တော်က လွှတ်တော်ပြင်ပမှာ ဆွေးနွေးရမှာ။ အခုချိန်မှာမလိုသေးဘူးထင်တယ်။ ဒီအခင်းအကျင်းမှာ စစ်တပ်ရယ်၊လွှတ် တော်ရယ် ပါဖို့မလိုသေးဘူး။ ငြိမ်းချမ်းရေးယူထားတဲ့ ပုဂ်္ဂိုလ်တွေတောင် မနည်းလုပ်နေရတာ။ လူများပြီး ပွဲမစည် ဖြစ်ပွားမယ်”ဟု သူ့အမြင်ကို ပြောသည်။

ဇန်န၀ါရီလ ၁၁ နှင့် ၁၂ တွင် ပြုလုပ်သည့် အစည်းဝေးမှ ပြည်ထောင်စုညီလာခံ ကျင်းပရေးအတွက် ဦး ဆောင်ကော်မတီဝင်များကို အပြီးသတ်ရွေးချယ်ရန် ရည်ရွယ်ထားသော်လည်း ပြည်ထောင်စုအတွင်းရှိ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်ရေးအတွက် ဆောင်ရွက်နိုင်မည့် ပုဂိ္ဂုလ်များကို အမှန်တကယ်ရွေးချယ် နိုင်ရေး လာမည့်တစ်ပတ်အတွင်းတွင်သာ ရွေးချယ်ရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြင်ဆင်ညှိ နှိုင်းရေးအဖွဲ့ဝင် မန္တလေးတိုင်းတာဝန်ခံ ဦးသန့်စင်က ဆိုသည်။

ယင်းလုပ်ငန်းဖော်ဆောင်ရေးအတွက် ဆောင်ရွက်မည့် ဦးဆောင်အဖွဲ့ကို၂၇ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ် ပြီးကော်မတီမှ အတွင်းရေးမှူးဦးဆောင်သည့် ဦးဆောင်ကော်မတီထောက်ပံ့ရေးဆပ်ကော်မတီကိုလည်း ဖွဲ့စည်းကာ ပြည်ထောင်စုညီလာခံ ဖြစ်ပေါ်လာရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားရန် ဆုံးဖြတ် ထားသည်။

ဦးဆောင်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ၈၈ ငွေရတုဆုံးဖြတ်ချက် ကြေညာစာတမ်းပါ အချက်များကို အခြေခံ ချမှတ်ထားသည်။

No comments: