Monday, January 6, 2014

ရခိုင်ပြည်နယ်ထောင်ထဲမှ လွှတ်လာသူ အများစုမှာ ဘင်္ဂလီများဖြစ်

နိရဉ္စရာ

ရခိုင်ပြည်နယ်မှ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာသူများထဲတွင် အများစုမှာ ဘင်္ဂလီ လူမျိုးများ ဖြစ်ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထဲမှ လွှတ်မြောက်လာသူ ၁၈၇ ဦးပြီး ထိုအထဲတွင် ဘင်္ဂလီလူမျိုး ၁၆၂ ဦးပါဝင်သည်ဟု ထောင်အာဏာပိုင် တစ်ဦးက ပြောသည်။

“ စုစုပေါင်း ၁၈၇ ဦးထဲမှာ ၁၆၂ ဦး ဘင်္ဂလီ လူမျိုးတွေ ဖြစ်ကြပါတယ်။ နောက်ထပ် လွှတ်လာတာက နိုင်ငံခြားသား ဘင်္ဂလာဒေခ်ျ့နိုင်ငံသားက ၆ ဦးနဲ့ ကျန် ၂၀ ကတော့ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်” ယင်းက ဆိုသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၆ ဦးကိုမူ နိုင်ငံခြားသားဖြစ်သဖြင့် ထောင်ထဲတွင် ဆက်လက် ထိန်းသိမ်းထားပြီး များမကြာမီ တစ်ဘက်နိုင်ငံသို့ လွဲပြောင်းပေးသွားမည်ဟု ယင်းက ပြောသည်။

ယမန်နေ့က စစ်တွေအကျဉ်းထောင်မှ လွှတ်လာသူ ၃၆၆ ဦးရှိပြီး ထိုအထဲတွင် ဘင်္ဂလီလူမျိုး ၂၆၅ ဦးပါဝင်သည်ဟု ထောင်အရာရှိ တစ်ဦးက ပြောသည်။

စစ်တွေထောင်ထဲမှ လွတ်မြောက်လာသူ တိုင်းရင်း အကျဉ်းသာမှာ ၁၀၁ ဦးဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူထောင်မှ အကျဉ်းသား ၁၄၀ ကျော် လွတ်မြောက်လာသည်ဟု ဒေသအတွင်းက ရှေ့နေ တစ်ဦးက နိရဉ္စရာသို့ ပြောကြားသည်။

ယခု သမ္မတ ဦးသိန်းစိန်း၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်လာသူ အများအပြားထဲတွင် ၂၀၁၂ ခုနှစ်က ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမူနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ အများအပြား ပါဝင်နေသဖြင့် သူတို့ လွှတ်လာပြီးနောက်ပိုင်းတွင် လူသတ် မီးရှို့မူများ ဆက်လက် ကျူးလွန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း ဘူးသီးတောင် ဒေသခံများက ပြောဆိုသည်။

No comments: