Thursday, January 2, 2014

ပုဂ္ဂလိက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း ကျောက်ဆည်နှင့် မြင်းခြံတွင် ထပ်မံတိုးချဲ့မည်

မျိုးသန့်

ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် မြန်မာ့လျှပ်စစ်တို့ ပူးပေါင်းကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများကို ခရိုင်နှစ်ခု ကို ထပ်မံတိုးချဲ့လုပ်ဆောင်သွားရန် ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားရှိကြောင်း မန္တလေးတိုင်းအစိုး ရအဖွဲ့လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီးဦးကျော်မြင့်က ပြောသည်။

မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့တွင် ပုဂ္ဂလိကလုပ်ငန်များနှင့် ပူးပေါင်းလုပ်ဆောင်ရန်အတွက် ပြည် ထောင်စုအစိုးရထံသို့ ဒီဇင်ဘာလအတွင်းက တင်ပြထားရှိပြီးဖြစ်၍ လုပ်ပိုင်ခွင့်များကို ချထားပေးသွား မည်ဖြစ်သည်။

“ပုဂ္ဂလိကလုပ်ငန်းတွေကို လုပ်ပိုင်ခွင့်ပေးရာမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ အသေးစား၊ အလတ် စားတွေကိုပဲ လုပ်ပိုင်ခွင့် ချထားပေးလို့ရပါတယ်။ အခုလုပ်ဆောင်မယ့်ကိစ္စက အကြီးစားအဆင့်ရှိတဲ့အ တွက် ပြည်ထောင်စုအစိုးရထံ တင်ပြထားပါတယ်။ သူတို့ခွင့်ပြုချက်ရတာနဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးက ဆက်ပြောသည်။

မန္တလေးခရိုင်အတွင်းတွင် လက်ရှိအချိန်တွင် ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်သည့် အရေအတွက်အဖြစ် ၁၁ ခု လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးတက် စေရန်အတွက် ထပ်မံစိစစ်၍ ပူးပေါင်းလုပ်ကိုင်ခြင်းများကို လုပ်ဆောင်မည်ဖြစ်သည်။

လက်ရှိ လုပ်ဆောင်ရန် တင်ပြထားသော ခရိုင်များအပြင် မိုးကုတ်မြို့အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်မှုများကို ပြုလုပ်သွားမည် ဖြစ် ကြောင်း၊ မန္တလေးမြို့တွင်းတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းများကိုလည်း တင်ပြလာလျှင် ဆက်လက်၍ လက်ခံစဉ်းစားကာ ချထားပေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆုံးဖြတ် လုပ်ဆောင်ခွင့်မရရှိသေးခြင်းအား လွှတ်တော်တို့တင်ပြကာ အကြီးစားလျှပ်စစ်လုပ်ငန်းများနှင့် ပူးပေါင်း လုပ်ကိုင်ခွင့်များကို လုပ်ဆောင်ခွင့်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စက်မှုလက်မှု ၀န်ကြီးဌာနက သိရသည်။

No comments: