Thursday, January 2, 2014

SSPP ဗဟို ကော်မတီဝင် နှင့် စစ်ရေး ဌာနများ တိုးချဲ့ဖွဲ့စည်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP(SSA) ၂၀၁၃ နှစ်ပတ်လည် စုံညီအစည်းအဝေးမှ ဗဟိုကော်မတီဝင် ၂၇ ဦးမှ နောက်ထပ် ၄ ဦး ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်သည်ဟု ကြားသိရသည်။

ဒီဇင်ဘာ၂၃ - ၃၁ ရက်နေ့အထိ သျှမ်းပြည် တိုးတက်ရေးပါတီ SSPP(SSA) ဌာနချုပ်ဝမ့်ဟိုင်း၌ ၂၀၁၃ နှစ်ပတ်လည် အစည်းအဝေးအား ကျင်းပခဲ့ကြောင်း၊ ဗဟိုကော်မတီဝင် အရံဗဟို ကော်မတီဝင်များ နှင့် တပ်ရင်းမှူး မြို့နယ်ချုပ်ရေးမှူး အဆင့် (အထက်) အရာ ရှိ ၁၁၇ ဦးတက်ရောက်ကြောင်း၊ ထိုအစည်း အဝေးမှ လိုအပ်သည့်ဌာန အချို့တိုးချဲ့သည့်အပြင် ဗဟိုကော်မတီဝင် ၄ လည်း ထပ်မံတိုးချဲ့ဖွဲ့စည်း လိုက်ကြောင်း ပါတီမှ ထုတ်ပြန်ကျေငြာခဲ့သည်။

“အရင်က ဗဟိုကော်မတီဝင် ၁၉ ဦး၊ အရံက ၈ ဦး၊ အခုက လေးဦးတိုးလိုက်တော့ ၃၁ ဦးဖြစ်သွားတယ်။ တိုးချဲ့တဲ့ဌာနက စစ်ရေးဌာန ၁၊ ၂၊ ၃၊ ၄၊ စသဖြင့်ပေါ့။ အရင်က တပ်မဟာ အဆင့်နဲ့ပဲနေခဲ့တာကို” - ဟု ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းလ ကပြောသည်။

ထပ်မံတိုးဖွဲ့လိုက်သည့် ဗဟိုကော်မတီလေးဦးတွင် ၆၁၂ တပ်မဟာမှူး ဗိုလ်မှူးစံခေးနှင့်အတူ ဒုဗိုလ်မှူး ကြီး မိဏ်းလီ၊ ဗိုလ်ဟန်ခမ်း နှင့် စဝ်ထွန်းတင်တို့ ဖြစ်သည်ဟု ဆိုသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP(SSA) ဗဟိုကော်မတီအစည်းအဝေးနောက်ဆုံးနေ့တွင် ပါတီတွင်း မွမ်းမံဖွဲ့စည်းခြင်းအပြင် စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ် မြောက်ရေး၊ တန်းတူညီမျှခွင့်ရရှိရေးပါဝင်သည့် အချက် ၇ ချက်ပါဝင်သည့် ကြေငြာချက်လည်းထုတ်ပြန် ခဲ့ပါသေးသည်။

No comments: