Tuesday, January 7, 2014

ပထမအကြိမ် တောင်သူလယ်သမား ညီလာခံ ပြုလုပ်ဖို့ရှိ

ABC


အစိုးရသစ်လက်ထက်မှာ ​တနိုင်ငံလုံးက ​တောင်သူတွေ ​အများအပြား ​ပါဝင်တက်ရောက်မဲ့ ​ပထမဆုံးတောင်သူ ​လယ်သမားညီလာခံကို ​သာယာဝတီခရိုင် ​ဖားရွှေကျော်မြို့မှာ ​ကျင်းပသွားမယ်လို့ ​သိရပါတယ်။

မတ်လ ​၂ရက်နေ့မှာ ​ကျရောက်တဲ့ ​တောင်သူလယ်သမားနေ့ကို ​တောင်သူလယ်သမား ​အရေးတော်ပုံ ​စတင်ပေါ်ပေါက်ခဲ့တဲ့ ​သာယာဝတီမှာ ​ကျင်းပမှာဖြစ်ပြီး ​တောင်သူလယ်သမားတွေ ​တိုင်းပြည်ရဲ့ ​နင်းပြားဘဝ ​ရောက်နေတဲ့အခြေအနေ ​ထင်ရှားလာဖို့၊ ​တောင်သူတွေဟာ ​ထမင်းရှင်တွေ ​ဖြစ်တယ် ​ဆိုတာကို ​တနိုင်ငံလုံး ​သိစေဖို့ ​ပထမဆုံး ​တောင်သူလယ်သမားညီလာခံကို ​ကျင်းပမယ့် ​အကြောင်း ​မြန်မာနိင်ငံတောင်သူလယ်သမား ​ဖွံဖြိုးတိုးတက်ရေးပါတီဥက္ကဌ ​ဦးကျော်စွာစိုးက ​ပြောပါတယ်။ 

အဲဒီညီလာခံကို ​တိုင်းရင်းသားပါတီပေါင်းစုံ၊ ​မြန်မာနိုင်ငံအနှံ့က ​လယ်သမားတွေနဲ့ ​ဖိတ်ကြားထားတဲ့ ​တာဝန်ရှိသူတွေ ​တက်ရောက်ကြမှာ ​ဖြစ်ပါတယ်။

အဲဒီညီလာခံမှာ ​စာကျက်မြေပြဿနာတွေ၊ ​လယ်ယာမြေဆုံးရှုံးမှုတွေ၊ ​သီးနှံနဲ့ ​ဈေးကွက်တွေနဲ့ ​အခြားကိစ္စတွေကိုဆွေးနွေးသွားမှာဖြစ်ပေမယ့် ​ညီလာခံကျင်းပဖို့အတွက် ​သက်ဆိုင်ရာကို ​ခွင့်ပြုချက်မတောင်းခံရသေးဘူးလို့ ​သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ​လက်ရှိအချိန်မှာ ​လယ်ယာမြေသိမ်းဆည်းမှုဧကပေါင်း ​နှစ်သိန်းဝန်းကျင်ရှိနေပြီး ​ဧရာဝတီတိုင်းမှာ ​မြေယာသိမ်းဆည်းခံရမှု ​အများဆုံးဖြစ်တယ်လို့လည်း ​အလုပ်သမား၊ ​လယ်သမားနဲ့
လူငယ်ရေးရာကော်မတီက ​ပြောတဲ့အကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: