Tuesday, January 7, 2014

ပြည်ပရင်းနှီးမှုတွေပိုလာနိုင်တဲ့ ၂၀၁၄ အိမ်ခြံမြေဈေးကွက်

ထားထားခင်

၂၀၁၃ ခုနှစ်မှာ တစ်နှစ်လုံးရဲ့ အိမ်ခြံမြေဈေးကွက်ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုတွေကို လေ့လာသုံးသပ် ကြည့်မယ်ဆိုရင် အရောင်းအ၀ယ်အခြေအနေက ဈေးကွက်တစ်ခုလုံးပေါ်ကို အများအပြားသက်ရောက် ခဲ့တာ မတွေ့ခဲ့ရဘဲ ရန်ကုန်မြို့နေ လူထုအခြေခံလိုအပ်ချက်အရဖြစ်ပေါ်ခဲ့တဲ့ကာ လတိုငှားရမ်းမှုတွေက သာ ဈေးကွက်မှာ အများဆုံးဖြစ်ပေါ်ခဲ့တယ်လို့ ကျွမ်းကျင်သူတွေရော အိမ်ခြံမြေအကျိုးဆောင်တွေကပါ ခြုံငုံသုံးသပ်ခဲ့ကြပါတယ်။

အရောင်းအ၀ယ်အေးနေပါတယ်ဆိုတဲ့ အကျိုးဆောင်အများစုရဲ့ကောက်ချက်ချမှုတွေမှာ အိမ်ရာအငှား ဈေးနှုန်းတွေ မတန်တဆတက်လာခဲ့တာ၊ မြေဈေးနှုန်း ထိန်းချုပ်မယ့်အစီအစဉ်တွေ ပီပီပီပြင်ပြင် အ ကောင်အထည်ပေါ်မလာသေးတာ၊ ၁၀ သန်းနီးပါးအထိရောက်ရှိနေပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ အချိုးညီစွာ အခန်းအရေအတွက်ဖော်ထုတ်တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ အိမ်ခန်းလိုအပ်ချက်တွေရှိ နေတာ၊ အိမ်ခြံမြေအတွက် ပေးဆောင်ရတဲ့ အခွန်စနစ်ပိုမိုတည်ငြိမ်လာအောင် လျှော့ပေါ့ပေးနိုင်ခြင်းမရှိ သေးတာတွေက ၂၀၁၃ အိမ်ရာဈေးကွက်ကို သက်ရောက်မှုရှိခဲ့တဲ့ အချက်တွေပါ။

“၂၀၁၃ မှာ အငှားဈေးအပါအ၀င် အိမ်ရာဈေးတွေကြီးမြင့်ခဲ့တယ်၊၂၀၁၃ နှစ် လယ်ပိုင်းလောက်မှာ တစ် ပေပတ်လည် မြေဈေးနှုန်းတွေကို မြို့နယ်အလိုက်သတ်မှတ်လိုက်တဲ့အခါမှာ တချို့ဝယ်ရောင်းသမား တွေက မြေဈေးကိုဆွဲချတယ်လို့ နားလည်မှုလွဲတာကြောင့် အိမ်ခြံမြေအရောင်းအ၀ယ်တွေ တော်တော် ရပ်တန့်သွားတယ်၊ မြေအရောင်းအ၀ယ်တွေ အေးခဲ့ပေမယ့် ဈေးကတော့ ကျမသွားခဲ့ဘူး”လို့ စိုင်းခွန် နောင်အိမ်ခြံမြေနဲ့ဥပဒေအကြံပေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောပါတယ်။

၂၀၁၃ မှာအိမ်ခြံမြေဈေးတွေကျခဲ့ခြင်းမရှိဘဲ တရိပ်ရပ်နဲ့တက်လာပြီး တချို့သောအချက်အချာနေရာ တွေမှာဆိုရင် တစ်ပေပတ်လည်ဈေးနှုန်းကို ပေါက်ဈေးထက်ပိုမြှင့်ပြီးခေါ်ဆိုလာကြတာတွေက ရန်ကုန် မြို့မှာ မြေရှားပါးလာမှုနဲ့အတူ ၀ယ်လိုအားများပြီး ရင်းနှီးမြှုပ်နှံသူတွေ လိုအပ်သလောက်ရနိုင်မယ့် မြေ ကွက်ကျယ်တွေ နည်းပါးလာပြီဆိုကို တစ်နည်းအားဖြင့်ဖော်ညွှန်းနေတာပါပဲ။ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းမှာ တစ်ပေပတ်လည်ကို ကျပ်တစ်သိန်းနှစ်သောင်းကနေ တစ်သိန်းရှစ်သောင်းအထိ နေရာ ပေါ်မူတည်ပြီးခေါ် ဈေးရှိတယ်ဆိုတော့ အဲဒီနေရာတွေနဲ့ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ ဩဒဂုံ၊ ဗဟန်း၊ မရမ်းကုန်း၊ ကမာရွတ်မြို့နယ်တွေက နေရာကောင်းတွေမှာရှိလာမယ့် စီမံကိန်းကြီးတွေကလည်း အနာ ဂတ်အလားအလာနဲ့အတူ ၂၀၁၃ အိမ်ရာကဏ္ဍအတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

တစ်နှစ်ကို အခန်းလိုအပ်ချက် နှစ်သောင်းရှိနေတဲ့ ရန်ကုန်မြို့ရဲ့အိမ်ရာကဏ္ဍလိုအပ်ချက် ပြေလည်စေ ရေးအတွက် နိုင်ငံတော်ဘက်က တန်ဖိုးသင့်တင့်တဲ့အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်ပေးနေ သလို နေထိုင်ရေးပြေလည်စေဖို့အတွက် မိသားစုတစ်ခုချင်းစီရဲ့ဝင်ငွေအပြင် နိုင်ငံသားတွေရဲ့ အလုပ် အကိုင်အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒါဟာ ဆောက်လုပ်ရေးနဲ့ အိမ်ရာကဏ္ဍကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအများအပြား ၀င်ရောက်လာမှသာ စီမံကိန်းကြီးတွေအကောင်အထည်ပေါ်လာမှုနဲ့အတူ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ဖော် ဆောင်ပြီးသားဖြစ်မှာပါ။ ဥပမာ မြောက်ဒဂုံမြို့နယ် ဗိုလ်ဗထူးလမ်းမှာ ရန်ကုန်မြို့တော်စည်ပင်က အကောင်အထည်ဖော်မယ့် တန်ဖိုးသင့်တင့်မျှတဲ့ အိမ်ရာစီမံကိန်းတွေ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ အိုးအိမ် ကဦးဆောင်ပြီး ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အကောင်အထည်ဖော်နေတဲ့ အိမ်ရာစီမံကိန်းတွေ ပြီးစီးမယ့် အချိန်မှာတော့ လက်ရှိအချိန်ထက် အိမ်ရာလိုအပ်ချက်

၂၀၁၃ ခုနှစ်မှာ အိမ်ခြံမြေ၀ယ်ယူသူတွေအတွက် မြင့်မားတဲ့ အခွန်နှုန်းထားတွေနဲ့ ကြုံတွေခဲ့ရတဲ့ နှစ် တစ်နှစ်လည်းဖြစ်ခဲ့ပြီးတာဟာ အိမ်ခြံမြေ၀ယ်လိုအားကို သိသိသာသာဆွဲချခဲ့တဲ့ အချက်တစ်ချက်ဖြစ် တယ်လို့လည်း အိုင်ဟုမ်းအိမ်ခြံမြေ ကုမ္ပဏီမှ အုပ်ချုပ်မှုတာရိုက်တာ မအေးသူက မှတ်ချက်ပြုပြောကြား ခဲ့ပါတယ်။

“၂၀၁၃ မှာ ၂၀၁၂ ထက် အရောင်းအ၀ယ်အေးတယ်၊ အငှားပဲများတယ်။ မြေဈေးအိမ်ဈေးတွေ တအား တက်လာပြီး အခွန်ပေးဆောင်ရတာတွေလည်း များလာတယ်။ ၂၀၁၃ မှာ ၂၀၁၂ ထက် အရောင်း အ၀ယ် သိသိသာသာကျသွားတယ်။ မှန်းမိသလောက်တော့ ၂၀၁၃ ခုနှစ်ထဲမှာ ဈေးကစားတာတွေ သိပ် မရှိဘဲနဲ့ ဈေးကွက်အခြေအနေ စောင့်ကြည့်နေတာကြောင့်ပဲလို့ထင်ပါတယ်”လို့ မအေးသူက ပြောပါ တယ်။

“၂၀၁၃ ထဲမှာတော့ တိုက်ခန်းတွေလောက်ပဲ အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ဈေးကွက်အငှားအနေနဲ့တော့ ကွန်ဒို၊ လုံးချင်း၊ တိုက်ခန်း အကုန်လုံးဖြစ်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင်၂၀၁၃ ခုနှစ်ထဲမှာ အရောင်းအ ၀ယ်ဖြစ်မှုအားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းကျော်က အငှား အခြေအနေနဲ့ပဲလည်ပတ် ခဲ့ရတယ်လို့ ပြောနိုင်တယ်”လို့ ယင်းကပြောပါတယ်။

အကျိုးဆောင်တွေရဲ့သုံးသပ်ချက်အရ ဈေးကွက်အရောင်းအ၀ယ်အေးစက်မှုက ၂၀၁၄ ထဲမှာလည်း ဆက်လက်ရိုက်ခတ်နိုင်ပြီး တန်ဖိုးကြီးအရောင်းအ၀ယ်တွေထက် တန်ဖိုးနည်းအိမ်ခြံမြေတွေမှာ ပိုမိုရင်းနှီး မြှုပ်နှံလာကြမယ်လို့လည်း ပြောပါတယ်။

“၂၀၁၄ ခုနှစ်ထဲမှာတော့ တန်ဖိုးကြီးတွေကို ရင်းနှီးမြှုပ်နှံမှုရပ်ပြီးတော့ တန်ဖိုးနည်းတွေကို ငွေဖြန့်ပြီး ရင်းနှီးမြှုပ်နှံကြမယ်လို့ထင်တယ်။ ဥပမာကွန်ဒိုတစ်ခန်း သိန်း ၃၀၀၀ ၀ယ်မယ့်အစား သိန်း ၃၀၀-၄၀၀ လောက် တိုက်ခန်းတွေကို ၀ယ်ရောင်းလုပ်လာကြမယ်လို့ထင်တယ်။ နောက်ပြီး တိုက်ခန်းရှားပါးမှု၊ မလုံလောက်မှုတွေရှိတဲ့အတွက် ရန်ကုန်မြို့ထဲထက် မြို့စွန်တွေဘက်ကို အရောင်းအ၀ယ်က ဦးတည် ပျံ့နှံ့သွားနိုင်တယ်”လို့လည်း သုံးသပ်ပြောဆိုပါတယ်။

“လာမယ့် ၂၀၁၄ ခုနှစ်ထဲမှာ တည်ရှိသွားနိုင်မယ့် အိမ်ခြံမြေအခြေအနေကတော့ မြန်မာနိုင်ငံရဲ့ စီးပွား ရေးနဲ့ နိုင်ငံရေးအခြေအနေတွေပေါ်မှာပဲ မူတည်မယ်လို့ ခန့်မှန်းပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးကောင်းမှ အိမ်ခြံမြေကလည်း တည်ငြိမ်နိုင်မှာပါ။ စီးပွားရေးနဲ့ နိုင်ငံရေးတည်ငြိမ်တယ်။

အိမ်ခြံမြေဆိုင်ရာအခွန်စနစ်တွေ ကောင်းလာမယ်။ အရောင်းအ၀ယ် သွက်လက်အောင် တိုင်းပြည်လူဦး ရေနဲ့လုံလောက်တဲ့အခန်းတွေ များများဆောက်လာနိုင်မယ်။ ဒါ့အပြင် ကွန်ဒိုမီနီယံဥပဒေအပါအ၀င် အိမ် ခြံမြေအခွန်နဲ့သက်ဆိုင်တဲ့ ဥပဒေတွေ စနစ်တကျပြဋ္ဌာန်းနိုင်မယ်ဆိုရင်တော့ အိမ်ခြံမြေဈေးကွက် ရှေ့ ဆက်ဖို့အလားအလာ ပိုကောင်းမှာပါလို့ မြင်ပါတယ်”လို့ လုပ်ငန်းသက်တမ်း နှစ်နှစ်ခန့်ရှိပြီဖြစ်တဲ့ အိုင် ဟုမ်းအိမ်ခြံမြေကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ မအေးသူကပြောပါတယ်။

မြေဈေးတွေမာခဲ့ပြီး အရောင်းအ၀ယ် ထင်သလောက်မသွက်လက်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ရဲ့ အိမ်ရာဈေးကွက် အခြေအနေမှာ နှစ်ကုန်ပိုင်းလောက်မှာ နိုင်ငံတော်က အထပ်မြင့်တွေဆောက်လုပ်ခွင့်အတွက် ဇုန်တွေ ခွဲခြားသတ်မှတ်တာကလည်း တစ်ခုအပါအ၀င်ဖြစ်ခဲ့ပါတယ်။

“၂၀၁၃ ထဲမှာ ရန်ကုန်မြို့တော်ကို အထပ်မြင့်တွေ ကန့်သတ်တည်ဆောက်နိုင်ဖို့အတွက် ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ဖို့ စတင်အကောင်အထည်ဖော်နေတာတွေက အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်သွားတဲ့ အချက်တစ်ချက်လို့ မြင်ပါတယ်။ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းလိုနေရာတွေမှာ ဘယ်နေရာမှာ အထပ်မြင့် ဘယ်နှစ်ထပ်ဆောက်လို့ရမယ်။ ဘယ်နေရာမှာတော့ လိုအပ်တဲ့အထပ်မြင့်အတိုင်းဆောက် လို့မရဘဲ သတ်မှတ်တဲ့အတိုင်းပဲရမယ်ဆိုတာတွေက အိမ်ခြံမြေဈေးကွက်ကို တော်တော်ရိုက်ခတ်တယ် လို့ ယူဆတယ်။ တချို့က အထပ်မြင့်ဆောက်ပြီးမှ ၀ယ်မယ်ဆိုတော့ အထပ်မြင့်မဆောက်ရတော့ဘူးဆို ရင်ဆောက်တဲ့သူအတွက်လည်း တွက်ခြေမကိုက်တော့တဲ့အပြင် ဈေးနှုန်းကလည်း ပြောင်းသွားနိုင် တယ်”လို့ ဦးရန်အောင်က ပြောပါတယ်။

အိမ်ခြံမြေကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖိတ်ခေါ်နိုင်ဖို့ အခွန်စနစ်တွေလျှော့ပေါ့ပြီး ဘဏ် စနစ်တွေပိုမို ခေတ်မီလာဖို့လိုအပ်သလို ကွန်ဒိုမီနီယံ ဥပဒေတွေ စနစ်တကျထွက်ရှိလာဖို့လည်း လိုအပ် တယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။ဒီတော့ ၂၀၁၄ ခုနှစ်ထဲမှာ အိမ်ရာကဏ္ဍနဲ့ အိမ်ခြံမြေဈေး ကွက်အတွက် နိုင်ငံတော်က ဘာတွေအကောင်အထည်ဖော်သွားပေးမယ်၊ တန်ဖိုးနည်းအိမ်ရာတွေ၊ အဆင့်မြင့်အိမ်ရာစီမံကိန်းတွေ ဘယ်လိုနေရာတွေမှာ ထပ်မံပေါ်ထွက်လာမယ်၊ အိမ်ရာဈေးကွက်မှာ ရော အရောင်းအ၀ယ် ဆက်အေးသွားနိုင်ပြီး အငှားပဲဆက်ဦးဆောင်သွားမလားဆိုတာတွေ၊ အခွန်ရာခိုင် နှုန်းတွေရော ဘယ်လိုပီပြင်လာမလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

No comments: