Friday, January 3, 2014

ဘုရားသုံးဆူသွားလမ်း ကြိမ်ချောင်းရေပေါ်တံတား DKBA မှ တာဝန်ယူ တည်ဆောက်

နန်းလွင်နှင်းပွင့်

ကရင်ပြည်နယ်အတွင်းရှိ ဘုရားသုံးဆူမြို့သို့ ကြိမ်ချောင်းကျေးရွာ တစ်ဘက်ကမ်းရွာများမှသွားလျှင် ယ ခင်က နှစ်ညအိပ်ကြာသော်လည်း ယခုအခါ ချောင်းဆုံချောင်းဖြတ်ကူးနိုင်မည့် ဖောင်ဆိပ်ရေပေါ်တံတား ကို ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ကလို့ထူးဘောစစ်ဌာနချုပ်အခြေစိုက် ဘု ရားသုံးဆူမြို့ ဗျူဟာအထူးစစ်ကြောင်းက တာဝန်ယူဆောက်လုပ်ပြီး ဒီဇင်ဘာ ၃၁ ရက်မှစတင်ကာ ဖြတ် သန်းခွင့်ပြုလိုက်ရာ အဆိုပါခရီးကို ၃ နာရီဖြင့် အရောက်သွားနိုင်ပြီဖြစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်မှူး စောအေ၀မ်းက ပြောသည်။

အရှည်ပေ ၁၅၀၊ အကျယ် ၄၀ ခန့်ရှိ အဆိုပါတံတားကို သစ်၊ ၀ါး၊ နိုင်လွန်ကြိုးတို့ဖြင့် ဆောက်လုပ်ထား ပြီး မြို့ဘက်သို့သွားလာရန်ခက်ခဲသဖြင့် ဒေသခံများ သွားလာနိုင်ရန် အဓိက ရည်ရွယ်ဆောက်လုပ်ပေး ခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးစောအေ၀မ်းက ဆိုသည်။

“ဒီလမ်းကိုဖြတ်ရင် ကျွန်တော်တို့တပ်ကသူတွေတောင်မှ လူတွေဖောင်နဲ့ကူး၊ ပြီးရင် ကားပါလာရင် နှစ် ရက်လောက်ကြာတယ်။ မဟုတ်ရင် လမ်းလျှောက် တက်ရတယ်။ ကျန်းမာရေးအရပဲဖြစ်ဖြစ် ဘာပဲဖြစ် ဖြစ် မြို့ပေါ်ကိုတက်ရတာမလွယ်ဘူး။ ဒေသခံတွေဆိုရင် ဒီလမ်းကို သွားရလာရ ပိုဆိုးတာပေါ့”ဟု ပြော သည်။

ချောင်းတစ်ဖက်ရှိ ကျေးရွာများမှ ဘုရားသုံးဆူမြို့သို့ ဖြတ်သန်းရန် ယခင်က နှစ်ညအိပ်ခရီးဖြင့် သွားခဲ့ရ ပြီး ယခုအခါ တံတားဖြင့် ဖြတ်သန်းလျှင် ၃ နာရီခရီးဖြင့် ရောက်ရှိနိုင်ပြီဟု ဒေသခံများက ပြောဆိုသည်။ ကျေးရွာများတွင် နေထိုင်ကြသည့် အိမ်ခြေ ၄၀၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိသည်ဟု အုပ်ချုပ်ရေး မှူးထံမှ သိရသည်။

ယခုတံတားသည် ရေပေါ်တံတားဖြစ်သည့်အတွက် ရေကြီးသောကာလများတွင် ရေပေါ်သို့သာမြင့်တက် သွားမည်ဖြစ်ပြီး ရေကြီးသော မိုးတွင်း၊ တောင်ကျရေများသည့် ကာလများတွင်လည်း အသုံးပြုနိုင်သည် ဟု ကျေးရွာများ၏ အုပ်ချုပ်ရေးမှူး ဦးစောဆန်းထွန်းက ပြောသည်။

ချောင်းရေမှာ ပုံမှန်အားဖြင့် ၁၅ ပေအနက်ရှိပြီး မိုးတွင်း တောင်ကျချောင်းရေစီးသည့်ကာလများတွင် ရေ အနက် ၃၇ ပေနှင့်အထက် မြင့်တက်လေ့ရှိသည်။

ယခုရေပေါ်တံတားအတွက် DKBA မှ ကျပ်သိန်း ၁၅၀ အကုန်အကျခံ ဆောက်လုပ်ပေးခဲ့ပြီး ဒေသခံများ ဒီဇင်ဘာလ ၃၁ ရက်တွင် ကြိမ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေသခံများအသုံးပြုရန် လွှဲ ပြောင်းပေးလိုက်ခြင်းဖြစ်သည်။ ဆက်စပ်တံတား ဆောက်လုပ်ပေးသည့် ငွေကြေးများမှာ ကလို့ထူးဘော စစ်ဌာနချုပ်၏ လက်အောက်မှ တောင်ယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတို့မှ ရရှိသည့်ဝင်ငွေများ ထဲမှ ဒေသခံများအတွက် ပြန်လည်လုပ်ဆောင်ပေးခြင်းဖြစ်သည်။

တံတားဖွင့်ပွဲသို့ DKBA မှ အထူးစစ်ကြောင်းမှူး ဗိုလ်မှူးနှင့် တပ်ဖွဲ့၊ KNU ဆက်ဆံရေးရုံးမှ တာဝန်ခံများ၊ ခလရမှတပ်ရင်းမှူး၊ ခမရမှ တပ်ရင်းမှူးတို့ လာရောက်ကာ ကရင်ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ရှေ့ဆက်လုပ်ကိုင်ရန် သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။

No comments: