Friday, January 3, 2014

အကျဉ်းသားတွေ ပြစ်ဒဏ် လျော့ပေါ့ခွင့်ရ

ABC

၅၅ ​နှစ်မြောက် ​မြန်မာ့ ​လွတ်လပ်ရေးနေ့ကို ​ဂုဏ်ပြုတဲ့အနေနဲ့ ​အကျဉ်းထောင်အသီးသီးမှာ ​ပြစ်ဒဏ်ကျခံနေရတဲ့ ​အကျဉ်းသားတွေရဲ့ ​ပြစ်ဒဏ်ကို ​နိုင်ငံတော် ​သမ္မတ ​လျော့ပေါ့ပေးခဲ့ပါတယ်။

အဲဒီလို ​လျော့ပေါ့ပေးခဲ့တာဟာ ​နိုင်ငံတော် ​တည်ငြိမ်ရေးနဲ့ ​တရားဥပဒေစိုးမိုးရေး၊ ​တိုင်းရင်းသား ​စည်းလုံးညီညွတ်ရေး၊ ​လူသားခြင်းစာနာထောက်ထားမှု ​တို့ကို ​အလေးပေးတဲ့အနေနဲ့ ​လျော့ပေါ့ပေးခဲ့တာ ​ဖြစ်တယ်လို့ ​သိရပါတယ်။

သေဒဏ်ချမှတ်ခြင်း ​ခံထားရတဲ့ ​သူတွေကို ​နှစ်အကန့်အသတ်မရှိ ​ထောင်ဒဏ်တစ်သက်တကျွန်း၊ ​နှစ်အကန့်အသတ်မရှိ ​ထောင်ဒဏ်ကျခံနေရတဲ့ ​အကျဉ်းသားတွေနဲ့ ​နှစ်လေးဆယ်အထက် ​ထောင်ဒဏ်ကျခံနေရတဲ့ ​အကျဉ်းသားတွေကို ​နှစ်လေးဆယ်အောက် ​လျော့ပေါ့ပေးလိုက်ပြီး ​၊ ​နှစ်လေးဆယ်အောက် ​ကျခံနေရတဲ့ ​အကျဉ်းသားတွေကို ​ထောင်ဒဏ်ရဲ့ ​လေးပုံတစ်ပုံ ​လျော့ပေါ့ ​စေဖို့ ​သမ္မတက ​အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအမိန့်ကို ​ဒီဇင်ဘာ ​(၂)ရက်နေ့ ​ညနေ ​ခြောက်နာရီက ​မြန်မာ့အသံနဲ့ရုပ်မြင်သံကြားသတင်းမှာ ​ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ​၃၁ ​ရက်နေ့ကလည်း ​သမ္မတဦးသိန်းစိန်အမိန့်နဲ့ ​နိုင်ငံရေးအကျဉ်းသားတွေ၊ ​နိုင်ငံရေး ​ပြစ်မှုနဲ့ ​တရားစွဲခံထားရသူတွေကို ​ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ​ပေးခဲ့ပါတယ်။

ဒီလို ​လွတ်ငြိမ်းခွင့်ပေးတာကို ​အများက ​ကြိုဆိုကြပြီး ​တချို့ကတော့ ​ကျဆုံးခဲ့တဲ့ ​နိုင်ငံရေး ​အကျဉ်းသားတွေကို ​တာဝန်ရှိသူတွေ ​တောင်းပန်သင့်တယ်လို့ ​ပြောနေကြပါတယ်။

မနေ့က ​ပြုလုပ်တဲ့ ​ကျဆုံးနိုင်ငံရေးအကျဉ်းသားဟောင်းများအား ​ဂုဏ်ပြုပွဲအခမ်းအနားမှာ ​နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက် ​ရေးအဖွဲ့(AAPP) ​က ​အတွင်းရေးမှူး ​ကိုတိတ်နိုင်ငံကတော့ ​သက်ဆိုင်ရာ ​တာဝန်ရှိသူတွေအနေနဲ့ ​ကျန်ရှိနေတဲ့ ​နိုင်ငံရေး ​အကျဉ်းသား ​မိသားစုဝင်တွေကို ​မဖြစ်မနေ ​အရင်ဆုံးတောင်ပန်သင့်ကြောင်း ​ပြောခဲ့တယ်လို့ ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

No comments: