Monday, January 6, 2014

ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများ၏ နောက်ဆက်တွဲ အခြေအနေ သတင်း

ရွှေဟင်္သာ

ယမာန်နေ့ ဇန်န ဝါရီ လ (၄) ရက် မြန်မာ့ လွတ်လပ် ရေးနေ့တွင် ဖြစ်ပွားခဲ့ သောပန်စရီနှင့် မြို့သစ်ကြား တိုက်ပွဲ တွင် အစိုးရ တပ်ဖက်မှ (၁၃) ဦးထိခိုက် ဒါဏ်ရာ ရပြီး ၄ ဦးမှာ ပြင်းထန်ပြီး သေဆုံးဖို့များ သည်ဟု တအာင်း လွတ် မြောက်ရေး တပ်မတော် အတွင်း ရေးမှူး ဒုတိယ ဗိုလ်မှူး ကြီး တာဘုန်း ကျော်က ဆိုပါသည်။


“ အဲဒီ တိုက်ပွဲ မှာ (၅)ဦးလောက် ကျဆုံး တယ်လို့ ဆိုတယ်။ အဲဒါကို ချက်ချင်း မြှုပ်နှံ တယ်လို့ ပေါ်တာတွေ ပြန်ပြော လို့ သိရတာ ပေါ့နော်။ ဒါကြောင့် တိုက်ပွဲ ရဲ့ အသေ အပျောက် စရင်းတွေ ကို ချက်ချင်း မသိနိုင် ဘူးဗျ။ အစိုးရတပ် ဖက်က တချို့ကျ တော့ ရွာသားတွေ ကို သဂြိုဟ် ခိုင်း တာမျိုး ရှိတယ်။ တချို့ ကျ တော့ ပေါ်တာ ဆီက သိရ တာမျိုးရှိ တယ်။ တချို့ ကျတော့ သူတို့မြှုပ် ထားတဲ့ အလောင်း မြေပုံ တွေကို ပြန်တူးပြီး သိရတာ မျိုးတွေ ရှိလို့ပါ။” ဟု ဆိုပါ သည်။

ဒါဏ်ရာရ သူများ ကိုမူ အထူးသဖြင့် ကား၊ ဆိုင်ကယ်၊ အထမ်း သမားများ ဖြင့် နီးစပ်ရာ မြို့သို့ ပို့ကြသဖြင့် အရေ အတွက်များ လွယ် ကူစွာ သိနိုင်ကြောင်း ဆိုပါ သည်။

ယမာန်နေ့ မနက်ပိုင်းတွင် ဖြစ်ပွားသော ကျောက်မဲ မြို့နယ် မိုင်းငေါ့ ကျေးရွာ အနီး နှင့် နမ့်တွေ ကျေးရွာ အနီး တိုက် ပွဲ တွင် အစိုးရ တပ်ဖွဲ့ဖက်မှ (၅) ဦး ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး ကျဆုံးမှု မသိရ သေးဟု ဆိုပါသည်။

ဇန္နာဝါရီ လ ၂ ရက်နေ့ တွင် ဖြစ်ပွားသော နမ့်ဆန် မြို့ နယ်၊ မန်လုံး ကျေးရွာ အုပ်စု မန်လုံး ကျေးရွာ နှင့် ပန်အ လော့ ကျေးရွာ ကြား တိုက်ပွဲတွင် အစိုးရတပ် ဖွဲ့ဖက်မှ ၇ ဦးကျဆုံးပြီး ၁၀ ဦး ခန့် ထိခိုက် ဒဏ်ရာရ သည်ဟု ဆိုပါ သည်။ ထိုနေရာ ၌ ရှိနေသော နှစ်ဘက် တပ်များမှာ အလွန် နီးကပ် နေသဖြင့် ဆက်လက် တိုက်ပွဲ ဖြစ်ပွား နိုင်သော အနေ အထား တွင် ရှိနေပါသည်။

တအာင်း လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဖက်မှ ၃ ဦး သာ အ နည်းငယ် ဒါဏ်ရာ ရရှိပြီး ကျဆုံးမှု မရှိဟု ဆိုပါသည်။ အစိုးရတပ် များသည် တအာင်း ကချင် တို့၏ စခန်းဟု ယူဆရ သော နေရာများ သို့ လက်နက်ကြီး ဖြင့် အဝေးမှ တနာ ရီ တလုံးကျ ရမ်းသမ်း ပစ်ခတ် နေဆဲဖြစ် ပါသည်။ ပန်စရီ နှင့် မြို့သစ်ကြား တွင် ရှိနေသော နှစ်ဖက် တပ်များမှာ အ လွန် နီးကပ် သဖြင့် တဖက်နှင့် တဖက် မြင်နေရ ပါသည်။

အစိုးရတပ် များ အသုံးပြု သော လက်နက် ကြီးများသည် အင်းအား (၂၀၀)ကျော် စစ်ကြောင်း များတွင် (၈၁/၈၂) မမ မော်တာဖြင့် ပစ်ခတ်ပြီး အင်အား (၁၀၀) ကျော် ရှိသော စစ်ကြောင်း တွင်မူ (၆၀) မမ မော်တာဖြင့် သာ ရမ်းသမ်းပြီး ထိ ရောက်မှု မရှိဘဲ ပစ်ခတ် နေခဲ့ခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ ရမ်းသမ်းပြီး ပစ်ခတ် နေကြရ သည်မှာ ၄င်းတို့၏ တပ်ဖွဲ့စည်း ပုံကြောင့် ဟု တအာင်းတို့ က ယူဆပါ သည်။ အစိုးရ တပ်များ၏ လက်ရှိဖွဲ့ စည်းပုံ၌ တပ် ရင်း တရင်းတွင် အင်အား (၁၃၀)နှင့် (၂၀၀) ကြား တွင်သာ ရှိပါသည်။ ဤ သို့ကြောင့် စစ်ကြောင်း ဖွဲ့ရာ တွင်လည်း တပ်ရင်း အင်အား အနည်းအများ ပေါ် မူ တည်ပြီး၊ စုဖွဲ့ကြရာ အများ အားဖြင့် တပ်ပေါင်း များဖြင့် စုဖွဲ့မှသာ လိုအပ်သော အင်အားကို ရရှိကြ ပါသည်။ ထို့အပြင် ၄င်းတပ်ဖွဲ့ထဲတွင် လည်း အရွယ် ငယ်သော လူသစ် များခြင်း၊ စည်းရုံးမှု၊ စည်းလုံးမှု မရှိခြင်း ကို တွေ့ရသည် ဟု ပြိုင်ဖက်များက ဆိုပါသည်။

ဤကဲ့သို့ သော တပ် ပေါင်း မျိုးသည် တဖွဲ့နှင့် တဖွဲ့ တွက်ကပ် နေကြရာမှ အမိန့်အရ တာဝန်ကျေ သဘောထား လောက်ဖြင့်သာ ထမ်းဆောင် ကြပြီး မိမိ တပ်ဖွဲ့ ထိခိုက် ကျဆုံးမှု မရှိစေရေး ကို ဦး စားပေးရာမှ တိုက်စွမ်း ရည် ကျ ဆင်း ခြင်း၏ အခြေခံ ဟု ပြိုင်ဖက်များ မှ ယူဆကြ ပါသည်။

ဤသို့သော် အခြေ အနေ ကြောင့် ထိခိုက် ကျဆုံးမှု များရခြင်း ဖြစ်ဖွယ် ရှိကြောင်း ဆိုပါသည်။ မည်သို့ပင် ရှိစေ ပြည် ထောင်စု အဆင့် ငြိမ်း ချမ်းရေးဖေါ် ဆောင်ရေး၊ လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦး အောင်မင်းသည် ပလောင် ဒေသ၌ လက်ရှိ ဖြစ်ပွား နေသော တိုက်ခိုက် မှုများသည် (TNLA) ဖက်မှ အပစ်အခတ် ရပ် စဲရေး လက်မှတ် မရေးထိုး ခြင်းကြောင့် ဟု ပြီးခဲ့သည့် ဒီဇင်ဘာလ အကုန်ပိုင်းက ၄င်း၏ ထိုင်း နိုင်ငံ ဇင်းမယ် ခရီးစဉ် တွင် (PSLF/TNLA) ဥက္ကဌ တာအိုက် ဖုန်းအား ပြောကြားခဲ့ ပါသည်။

(TNLA) ကလည်း လက်ရှိ တိုက်ခိုက်မှု များသည် (KIA) အား အထီး ကျန်စေရန် ဖိအားပေး တိုက်ခိုက် နေခြင်းလည်း ဖြစ်ဖွယ်ရှိ နိုင်ကြောင်း၊ သို့သော် (TNLA) သည် လိုင်ဇာမှ လက်နက် ကိုင် တိုင်းရင်း သား အဖွဲ့များ ၏ သမိုင်းဝင် သ ဘော ညီချက်များ အတိုင်း ခံယူသွား မည်ဖြစ်ကြောင်း အတွင်းရေး မှူး တာ ဘုန်း ကျော် က ဆိုပါသည်။

No comments: