Friday, January 10, 2014

ဖွဲ့စည်းပုံ အကြံပြုချက် ၃သိန်းကို လွှတ်တော်မှာ တင်ပြဖို့ရှိ

ABC

အဖွဲ့ခွဲ ​၅ ​ခု ​နဲ့ ​ဖွဲ့စည်းထားတဲ့ ​မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေသုံးသပ်ရေး ​တွဲဖက် ​ကော်မတီဟာ ​ဖွဲ့စည်းပုံပြုပြင်ရေးဆိုင်ရာ ​အကြံပြုချက် ​၃ ​သိန်းကျော် ​လက်ခံရထားပြီး ​လာမယ့် ​တနင်္လာနေ့မှာ ​လွှတ်တော်ကို ​အစီရင်ခံစာ ​တင်ပြဖို့ ​ရှိနေပါတယ်။

အမျိုးသားဒီမိုကရေ ​အဖွဲ့ချုပ် ​NLD ​ကလည်း ​ဒေါ်အောင်ဆန်းစုကြည်ကို ​သမ္မတဖြစ်ခွင့်ကနေ ​တားမြစ်ထားတဲ့ ​ပုဒ်မ ​၅၉ ​(စ) ​အပါအ၀င် ​အချက်ပေါင်း ​၁၆၈ ​ချက်ပြင်ဆင်ဖို့ ​အကြံပြုထားပါတယ်။

ဖွဲ့စည်းပုံ ​ပြင်သည်ဖြစ်စေ၊ ​မပြင်သည် ​ဖြစ်စေ ​လာမယ့် ​၂၀၁၅ ​ခုနှစ် ​အထွေထွေရွေးကောက်ပွဲကို ​၀င်သွားမှာ ​ဖြစ်ကြောင်း ​NLD ​က ​ပြောကြားထားခဲ့ပါတယ်။

ဖွဲ့စည်းပုံ ​မပြင်ပဲ ​ရွေးကောက်ပွဲကို ​ကျင်းပတာဟာ ​ရိုးသားပွင့်လင်းမှုရှိကောင်းရှိနိုင်ပေမယ့် ​တရားမျှတမှု ​ရှိမှာ ​မဟုတ်ကြောင်း၊ ​မိမိတို့ဟာ ​ကိုယ့်ရဲ့ ​သိက္ခာ၊ ​ကိုယ့်ရဲ့ ​အယူအဆတွေကို ​ယုံကြည်မှု ​ရှိတာကြောင့် ​ဒီရွေးကောက်ပွဲကို ​မတက်ရောက်သင့်ဘူးလို့ ​NLD ​အဖွဲ့ချုပ် ​နာယက ​ဦးတင်ဦးက ​ပြောဆိုခဲ့ပါတယ်။

ဖွဲ့စည်းပုံ ​ပြင်ဆင်ရေးဆောင်ရွက်ချက်ဟာ ​ဥပဒေပြဌာန်းချက်အတိုင်းသာ ​ဆောင်ရွက်သင့်တယ်ဆိုပြီး ​NLD ​အပေါ် ​ဝေဖန်မှုတွေရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေမှာ ​အခန်း ​၁၅ ​ခန်း၊ ​စာမျက်နှာပေါင်း ​၂၀၀ ​နီးပါးပါရှိပါတယ်။

No comments: