Tuesday, January 7, 2014

(၆၆) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနား ဒက္ကားမြို့တွင်ကျင်းပ

နိရဉ္စရာ


(၆၆)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တော်တွင် ဇန်န၀ါရီလ ၄ ရက်နေ့က မြန်မာသံရုံးမှ ကြီးမှူး ကျင်းပခဲ့သည်ဟု သိရသည်။

မန်မာ့လွှတ်လပ်ရေး အခမ်းအနားအား ဒက္ကားမြို့တော်ရှိ Radisson Blu Water Garden Hotel တွင် ကျင်းပခဲ့ပြီး အမေရိကန် သံအမတ်ကြီး Dan W. Mozena အပါအ၀င် အနောက်နိုင်ငံမှ သံတမန်များ၊ တရုတ်၊ ဂျပန်၊ အာစီယံနိုင်ငံများနှင့် တောင်အာရှနိုင်ငံများမှ သံတမန်များလည်း စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။

မြန်မာ့လွတ်လပ်ရေး အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး၊ မြန်မာသံမှူးကြီး ဦးစိုးပိုင်နှင့် ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး ဦးတင်အောင်နှင့် ဇနီးတို့က ခရီးဦးကြို ပြုခဲ့ကြသည်။

မြန်မာ့လွှတ်လပ်ရေး အခမ်းအနားအား ညနေ (၇) နာရီတွင် သံအရာရှိများက လွှတ်လပ်ရေးကိတ်ကိုခွဲကာ စတင်ဖွင့်လှစ်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းမှ တက်ရောက်လာသူများအား ကျေးဇူးတင် ၀မ်းမြှောက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ် (၆၆) နှစ်မြောက် မြန်မာ့ လွှတ်လပ်ရေးနေ့ အခမ်းအနားတွင် တက်ရောက်လာသူများအား မြန်မာတိုင်းရင်းသား ရိုးရာယဉ်ကျေးမူ အကများအား projector မှတဆင့် ပိတ်ကားပေါ်တွင် ပြသခဲ့ရာ တက်ရောက်လာသူများက စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြသည်။

ယခုနှစ် (၆၆) နှစ်မြောက် အခမ်းအနားသို ဒက္ကားမြို့ရှိ ရခိုင်ဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ( RDF) မှ ဒါရိုက်တာ ဦးချစ်မောင်၊ ၈၈ မျိုးဆက်ကွန်ယက် (ရခိုင်) မှ တာဝန်ခံ ဦးခိုင်ဆန်းအောင်၊ နိရဉ္စရာ သတင်းဌာန အယ်ဒီတာ ဦးခိုင်မြတ်ကျော်တို့လည်း တက်ရောက်ခဲ့သည်။

လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ညစာစားပွဲဖြင့် တက်ရောက်လာသူများကို ဧည့်ခံခဲ့သည်။

No comments: