Saturday, January 25, 2014

အနန်းကွင်း ဗျူဟာမှူး ပါဝင် ဆုံးဖြတ်ထားသည့် ကိစ္စ သက်ဆိုင်ရာ မလိုက်နာ

ရွှေဟင်္သာ

ကရင်ပြည် နယ် ကြာအင်း ဆိပ် ကြီးမြို့နယ် ဘုရားသုံး ဆူ မြို့နယ်ခွဲ ရှိ လိုင်းပေါင်းစုံ ယာဉ်အဖွဲ့မှ တင်ပြထား သည့် အ ကောက် ဂိတ်များ လျှော့ချရန် ဆုံးဖြတ် သည့် ကိစ္စကို မြို့နယ် မော်တော်ယဉ် ထိမ်းသိမ်းရေး ရုံး အရှေ့ရှိ ထွေအုပ် ဧ။် အဝေပြေး စစ်ဆေးရေး (၁၁)ဖွဲ့ ဂိတ်မှ လိုက်နာမှု မရှိဟု ယာဉ်မောင်း တဦးက ဆိုပါသည်။

“ (၂၀)ရက်နေ့မှာ အနန်းကွင်း ဗျူဟာမှူး ကိုယ်တိုင် ထိုင်ပြီးတော့ ဆိုင်ရာ ငြိမ်းအဖွဲ့ တွေ အပါဝင် အားလုံး ဆုံးဖြတ်ခဲ့ တာကို မြို့နယ် ယာဉ်ထိမ်း သိမ်းရေး ဂိတ် ကစပြီး မလိုက်နာ ဘူး ဖြစ်နေ တယ်။ ငြိမ်း အဖွဲ့တွေ ကလည်း လျှော့ချပေး မယ်လို့တော့ ဂတိပေးထား ကြတာ ချည်းဘဲ ဘယ်လောက် လိုက်နာမလဲ တော့ မပြောတတ် ဘူး။ စောင့်ကြည့် ဦး မယ် လေ။” ဟု ဆိုပါသည်။

အဆိုပါ အစည်း အဝေးပြီး ဆုံးပြီးနောက် ရက်တွင်ပင် ဘုရား သုံးဆူမြို့ နယ်မော် တော်ယဉ် ထိမ်းသိမ်း ရေး.ကား ၀င်း အတွင်း အဖွဲ့(၁၁)ဖွဲ့ ကို ကိုယ်စာပြု ကိုယ် စားလှယ် များဖြစ်သည့် ဦးအာနိုး (ခေါ်) ဦးထက်မြက် (ခေါ်) ရဲသား လေး အပါဝင် ဦးပန်းငွေ (မော်တော်ယဉ် အတွင်းရေး မှူး အဖွဲ့ ဝင်) ဦးစိုးကျော် တို့  သည် မော်တော်ယာဉ် များ စစ်ဆေး သည် ကိုအကြောင်း ပြပြီး ငွေကြေးများ ဆက်လက်ကောက်ခံ လျက်ရှိနေ ကြောင်း ကားသမားများက ဆိုပါသည်။

ဘုရား သုံးဆူ မှ သံဖြူ ဇရပ်သို့ ပြေးဆွဲနေ သည့် လိုင်းပေါင်းစုံ ယာဉ်အဖွဲ့ သည် အကောက်ခွန် ဂိတ်များ လျှော့ချရန် ပြီးခဲ့သည့် အပတ်က မြို့နယ်ဦးစီး မှူးထံ တင်ပြ ထား ကြပါသည်။ ဤကိစ္စ ညှိနှိုင်း ပြေလည်ရေး အတွက် အနန်းကွင်း ဗျူဟာမှူး မှ ဦးစီးပြီး ပြီးခဲ့သည့် ဇန္နာဝါရီ (၂၀)ရက်နေ့ တွင် ဘုရားသုံးဆူ အထွေ ထွေ အုပ်ချုပ်ရေး မှူးရုံး ခန်းမ တွင် အစည်း အဝေး ကျင်းပခဲ့ ပါသည်။

ယင်းအစည်း အဝေးတွင် အစိုးရ တပ်များသည် အနမ်းကွင်း၊ တောင်စွန်း၊ ချောင်းဆုံ ကျေးရွာ အလည် ချောင်းနှင့် ဘု ရား သုံးဆူမြို့  နဂါးတောင်ရှိ ၄င်းတို့၏ အကောက် ဂိတ်များတွင် ဂိတ်ကြေး လုံးဝ ကောက်ခံ တော့မည် မဟုတ် ဟု ဂတိပြုခဲ့သည်။ ထို့နည်းတူ ဘုရားသုံး ဆူမြို့ အဝေးပြေး ကားဂိတ် စစ်ဆေးရေး (၁၁)ဖွဲ့ သည်လည်း ချောင်းဆုံ ကျေး ရွာ နှင့်  ဘုရားသုံး ဆူမြို့ မရှိ ၄င်းတို့၏ ဂိတ်များတွင်.ငွေကြေးလုံးဝ မကောက်ခံ တော့ကြောင်း ဆုံးဖြတ် လိုက်ကြ သည်။

အလားတူ ငြိမ်းချမ်းရေး အဖွဲ့အစည်း ဖြစ်သည့် မွန်ပြည် သစ်ပါတီ ကိုယ်စားလှယ် ကလည်း ချောင်းဆုံကျေးရွာ နှင့် မိပလန် ကျေးရွာ ရှိ ၄င်းတို့၏ အ ကောက် ဂိတ်များ အားဖျက်သိမ်း ပေးမည်ဟု ဂတိပြုခဲ့ သည်။ ထို့ပြင်ငြိမ်း ချမ်းရေး အဖွဲ့အစည်း များဖြစ်သော ကရင်ငြိမ်း ချမ်းရေးအဖွဲ့ (KPF)၊နယ်ခြား စောင့်တပ် (ကရင်ပြည်နယ်)BGF၊ ဒီမိုကရေစီအကျိုးပြုကရင့်အမျိုးသားတပ်မတော် (DKBA) နှင့်ကရင်ငြိမ်းချမ်းရေးကောင်စီ( KPC) တို့သည် လည်းအကောက် ကြေးများ တ၀က်လျှော့ ချပေးမည် ဟုဂတိပြု ကြပါသည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) ကိုယ်စားလှယ် များကလည်း နှစ်စဉ်ကြေး အပါဝင် ဂိတ်ကြေးနှုန်း ထားများ ကို လျော့ ချပေး နိုင် ရန်..အထက် အရာ ရှိများထံ တင်ပြပေး မည်ဖြစ် ကြောင်း ကတိပြုခဲ့ပါသည်။

ယင်းအစည်း အဝေးသို့ အနန်းကွင်း စစ်ဗျူဟာ မှူးအပါဝင် ကြာအင်း ဆိပ်ကြီးမြို့ နယ် ဘုရားသုံး ဆူမြို့  နယ်ခွဲမှ အ ထွေထွေ အုပ်ချုပ်ရေး မှူး၊ ဘုရားသုံး ဆူမြို့  နယ် ရဲမှူး၊ စစ်ဖက်ရေး ရာ သတင်းအဖွဲ့ (စရဖ) ရဲသတင်း တပ်ဖွဲ့  လူ ၀င်မှု ကြီးကြပ်ရေး (လ၀က) (KPF-BGF- DKBA- KPC ) မွန်ပြည် သစ်ပါတီ နှင့် KNU ကိုယ်စားလှယ်များ၊သံဖြူ ဇရပ်မော်တော် ယာဉ် လုပ်သားများ၊ မြို့နယ် မော်တော်ယာဉ် ထိမ်းသိမ်းရေး အဖွဲ့ များတက် ရောက်ကြ ပါသည်။

မော်တော် ယာဉ်လိုင်းပေါင်း စုံအဖွဲ့ဝင် များသည် ဂိတ်မှူးများ ခန့်ထား ရာတွင်လွတ် လပ်စွာရွေး ချယ်ခွင့်ပေး ရန်တောင်း ဆိုထားသော် လည်း လောလော ဆယ် မဆုံးဖြတ် နိုင်သေးကြောင်း၊ ဘုရားသုံး ဆူမြို့ မော် တော်ယာဉ် ထိမ်း သိမ်းရေး ယာဉ်ရပ်နား ရာစခန်း သည်ဖြစ်ပေါ် လာသော ယာဉ်ပြသနာ များနှင့် အဆင်ပြေ ချောမွေ့ မှုများကို ဦးစားပေး ခြင်းရှိဘဲ ဖဲဝိုင်းထောင်ပြီး ဖဲဝိုင်းပြသနာ သာဖြေရှင်းနေ ကြသည်ဟု ယာဉ်မောင်း များကဆိုပါသည်။

No comments: